ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ မှ ၄ (RA-1 to 4) အတွင်းရှိ မြေကွက်မြေပုံများ ရှင်းလင်းတင်ပြမည့်နေ့ရက်များ

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ (RA-1) အတွင်းရှိ မြေကွက်မြေပုံများအား နိုဝင်ဘာလ(၂၂)ရက်နေ့တွင် အများပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ရာ ဧရိယာကွင်းအမှတ်-၃(RA-3)အတွင်းရှိ မြေကွက်မြေပုံ ရှင်းလင်းခြင်းကို နိုဝင်ဘာလ(၂၉)ရက် နံနက်(၉း၃၀)နာရီတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်၊ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာလုပ်ငန်းရုံးအဖွဲ့တွင်လည်းကောင်း၊ ဧရိယာကွင်းအမှတ်-၂(RA-2) နှင့် ဧရိယာကွင်းအမှတ်-၄(RA-4)အတွင်းရှိ မြေကွက်မြေပုံ ရှင်းလင်းခြင်းကို နိုဝင်ဘာလ(၂၉)ရက် နေ့လည်(၁.၃၀)နာရီတွင် တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအုပ်စု၊ မျက်နီကုန်းကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

Read more