ကုမ္ပဏီအကြောင်း

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပြီး ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။

NYDC ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်ထားရှိပြီး အလုပ်အကိုင်အခွင့်အလမ်း (၂) သန်းခန့် ပေါ်ထွန်းလာစေမည့် စီးပွားရေးနယ်မြေတစ်ရပ်ကို အဆင့် (၁) အဖြစ် ရန်ကုန်မြို့ ကြည့်မြင့်တိုင် အနောက်ဖက်ကမ်းရှိ ဧက (၂၀,၀၀၀) ခန့် မြေနေရာတွင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ်၏အဓိက ခံယူချက်မှာ လုံခြုံစိတ်ချရခြင်း၊ သတင်းအချက်အလက် နည်းပညာများ ပြည့်ဝခြင်း၊ သန့်ရှင်းသာယာလှပခြင်း အစရှိသည့် အင်္ဂါရပ်တို့ဖြင့် ပြည့်စုံသည့်မြို့ဖြစ်လာရန် မျှော်မှန်းထားပြီး အရည်အသွေး၊ ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုတည်းဟူသော စံနမူနာကောင်းတို့ကို ဖော်ဆောင်ပေးသွားရန်ဖြစ်ပါသည်။

  • SAFE
  • SMART
  • CLEAN