ရန်ကုန်မြို့သစ်၏ Master Plan

ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို AECOM အဖွဲ့က စည်းစနစ်အကျဆုံး၊ထိရောက်မှုအရှိဆုံး၊ အလေအလွင့်အနည်းဆုံး မြေကိုအသုံးချနိုင်ဖို့အတွက်သာမက တည်ဆောက်အကောင်အထည်ဖော်မယ့် လိုအပ်နေတဲ့အခြေခံအဆောက်အဦတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့နဲ့ သက်ဆိုင်တဲ့ အဆောက်အအုံစီမံကိန်းတွေပါတဲ့ မြို့သစ်တစ်ခုကို စဉ်ဆက်မပြတ်ဟန်ချက်ညီညီနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး စေ့စေ့စပ်စပ် ဂရုတစ်စိုက်နဲ့ ဘက်ပေါင်းစုံကစဉ်းစားပြီး ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲတဲ့နေရာမှာ လူဦးရေ(၁.၂)သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲရုံသာမက McKinsey အဖွဲ့က ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲ့တဲ့ လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan) မှာ ဖော်ပြခဲ့တဲ့ ၂၀၅၀ ပြည့်နှစ်မှာ အလုပ်အကိုင်ပေါင်း (၉) သိန်း ဖန်တီးနိုင်ရေး ရည်ရွယ်ချက်ကိုပါ ထည့်တွက်ပြီးရေးဆွဲထားပါတယ်။ AECOM […]

Read more