ရန်ကုန်မြို့သစ်၏ Master Plan


ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို AECOM အဖွဲ့က စည်းစနစ်အကျဆုံး၊ထိရောက်မှုအရှိဆုံး၊ အလေအလွင့်အနည်းဆုံး မြေကိုအသုံးချနိုင်ဖို့အတွက်သာမက တည်ဆောက်အကောင်အထည်ဖော်မယ့် လိုအပ်နေတဲ့အခြေခံအဆောက်အဦတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့နဲ့ သက်ဆိုင်တဲ့ အဆောက်အအုံစီမံကိန်းတွေပါတဲ့ မြို့သစ်တစ်ခုကို စဉ်ဆက်မပြတ်ဟန်ချက်ညီညီနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး စေ့စေ့စပ်စပ် ဂရုတစ်စိုက်နဲ့ ဘက်ပေါင်းစုံကစဉ်းစားပြီး ရေးဆွဲခဲ့ပါတယ်။

ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲတဲ့နေရာမှာ လူဦးရေ(၁.၂)သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲရုံသာမက McKinsey အဖွဲ့က ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲ့တဲ့ လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan) မှာ ဖော်ပြခဲ့တဲ့ ၂၀၅၀ ပြည့်နှစ်မှာ အလုပ်အကိုင်ပေါင်း (၉) သိန်း ဖန်တီးနိုင်ရေး ရည်ရွယ်ချက်ကိုပါ ထည့်တွက်ပြီးရေးဆွဲထားပါတယ်။

AECOM ရဲ့ မဏ္ဍိုင်(၄)ရပ်(Four Pillars)ဖြစ်တဲ့ ကြံ့ခိုင်သောမြို့ (Resilient City)၊ နည်းပညာအဆင့်မြင့်မားသောမြို့ (Intelligent City)၊ စိမ်းလန်းစိုပြေသောမြို့ (Green City) နှင့် ပြည်သူများအတွက်မြို့ (People’s City) တို့ကို အခြေခံပြီး “Big 8 Moves” လို့ခေါ်တဲ့ ရန်ကုန်မြို့သစ် Master Plan ရဲ့ အခြေခံအုတ်မြစ်အချက် (၈)ချက်ကို ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီ(၈)ချက်ကတော့ ရန်ကုန်မြို့သစ်ကို အနာဂတ်မှာ eco friendly နေရာတစ်ခုအဖြစ် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် (Nature)၊ လက်ရှိရန်ကုန်နှင့် မြို့သစ်ကို ချိတ်ဆက်ပြီး ယဉ်ကျေးမှုရပ်ဝန်းတစ်ခုတည်ဆောက်ရန် (Culture)၊ မြို့သစ်၏ ပြယုဂ်အဖြစ် အထင်ကရအဆောက်အုံများ တည်ဆောက်ရန် (Great Places)၊ အဆင့်မြင့်နည်းပညာကို အခြေခံသော အများပြည်သူသုံးဝန်ဆောင်မှုများအသုံးပြုရန် (Smart City)၊ နည်းဗျူဟာကျ စက်မှုဇုန်ဖွဲ့တည်မှုစနစ်တည်ဆောက်ရန် (Industrial Ecosystem)၊ မြို့သစ်တွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်များနှင့်ပါ ချိတ်ဆက်ထားမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်(Connected Public Realm)၊ အဆင့်အတန်းမီအိမ်ရာများဖော်ထုတ်ရန် (New Development Model) နဲ့ လိုအပ်သော တည်ဆောက်မှုများနှင့် အနာဂတ်မြေယာရောင်းချမှုများကို တန်ဖိုးမကျစေရေး အဆင့်ဆင့်ဖော်ထုတ်ရန် (Catalyst of Growth) တို့ဘဲ ဖြစ်ပါတယ်။

AECOM ၏ သိပ္ပံနည်းကျတိုင်းတာမှု Sustainable Systems Integration Model (SSIMTM) စနစ်ကြောင့် ရွေးချယ်စရာ Master Plan (၃) မျိုးအနက်မှ အသင့်တော်ဆုံး Master Plan ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ SSIMTM ဆိုတာ ဆက်စပ်နေတဲ့ပတ်ဝန်းကျင်၊ အလုပ်သမားအင်အား၊ ရေရှည်ထိန်းသိမ်းထားနိုင်မယ့် မြို့ပြဖွဲ့စည်းတည်ဆောက်ပုံနဲ့ စိမ်းလန်းစိုပြေမှုဆိုတဲ့ကဏ္ဍ (၄) ခုရဲ့ အဓိကစွမ်းဆောင်မှုအညွှန်းကိန်း (KPIs) တွေကို တိုင်းတာခြင်းဖြစ်ပါတယ်။

လက်ရှိကျေးရွာတွေနဲ့ မြို့သစ်ဖော်ထုတ်မှုအကြားမှာ ကြားခံဇုန်ထားရှိရေး အဆိုပြုချက်ဟာ စဉ်ဆက်မပြတ်ဟန်ချက်ညီညီနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နေပျော်ဖွယ်ကောင်းတဲ့ နေထိုင်ရာတစ်ခုအဖြစ် ဖန်တီးရေးပန်းတိုင်ကို ရောက်ရှိစေမှာပါ။ AECOM ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ လက်ရှိကျေးရွာတွေကို နောက်အနာဂတ်မှာ တစ်ဆင့်ပြီးတစ်ဆင့် အသွင်ပြောင်းလဲရေးဟာ မြို့တော်ရဲ့ တမူထူခြားတဲ့ လက္ခဏာ ဖြစ်လာမှာဖြစ်ပြီး လူမှုအခြေခံအဆောက်အဦနှင့် ယဉ်ကျေးမှုစင်္ကြန်ထားရှိခြင်းတို့ကလည်း မြို့သစ်ရဲ့ ပြယုဂ်ဖြစ်လာနိုင်ရုံသာမကဘဲ ယဉ်ကျေးမှုကြွယ်ဝမှုကို ဖော်ထုတ်နိုင်စေမှာပါ။

ပူးပေါင်းအားထုတ်မှု

Master Plan ရေးဆွဲရာမှာ အခြားအကြံပေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အထူးသဖြင့် ယာဉ်အသွားအလာနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာစိစစ်အကဲဖြတ်မှုကို တာဝန်ယူဆောင်ရွက်နေတဲ့ Oriental Consultants Consortium နဲ့ မဟာဗျူဟာကျရေလွှမ်းမိုးမှုဆိုင်ရာစိစစ်အကဲဖြတ်ချက် ဆောင်ရွက်နေတဲ့ Royal HaskoningDHV Myanmar တို့ရဲ့ အားထုတ်မှုတွေလည်း အများကြီးပါဝင်ပါတယ်။

ရန်ကုန်မြို့သစ် Master Plan ရဲ့ ယာဉ်အသွားအလာနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ မြို့သစ်တစ်ခုထဲအတွက် ရေးဆွဲထားတာမဟုတ်ဘဲ  ပတ်ဝန်းကျင်ဧရိယာများနဲ့ အလွယ်တကူချိတ်ဆက်သွားလာနိုင်ရေးကိုပါ ထည့်သွင်းရေးဆွဲထားပါတယ်။ ရေလွှမ်းမိုးမှုအန္တရာယ်နဲ့ စပ်လျဉ်းပြီး Master Plan ရေးဆွဲစဉ်မှာ အကြံပေး Royal HaskoningDHV Myanmar ရဲ့ ရေလွှမ်းမိုးမှုကာကွယ်ရေးဒီဇိုင်းကို ပေါင်းစပ်ပြီးရေးဆွဲခဲ့ပါတယ်။ ရေလွှမ်းမိုးမှုလျှော့ချနို်င်ဖို့အတွက် ရှိရင်းစွဲချောင်းငယ်တွေကို အသုံးပြုသွားမှာဖြစ်ပြီး၊ ရေတားတမံများလည်း တည်ဆောက်သွားမှာဖြစ်သလို အများပြည်သူနားနေတဲ့နေရာအဖြစ်လည်း အသုံးပြုနိုင်မယ့် ရေထိန်းသိမ်းရန်ဧရိယာတွေကို ထားရှိသွားမှာ ဖြစ်ပါတယ်။

မြို့သစ်ရဲ့ Smart City မူဘောင်ကို မြို့ပြနဲ့လူမှုရေးဆိုင်ရာအခြေခံအဆောက်အဦတွေဟာ နည်းပညာကနေ ဘယ်လောက်အထိ အကျိုးအမြတ်ရရှိနို်င်မလဲအပေါ်မှာ အခြေခံပြီး ချမှတ်ထားပါတယ်။ ဒီလိုနည်းပညာကို အခြေခံထားတဲ့ ဖွဲ့တည်မှုစနစ်ဟာ မြို့သစ်ရဲ့ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ဘဘာဝပတ်ဝန်းကျင်အစရှိတဲ့ကဏ္ဍတွေမှာ စဉ်ဆက်မပြတ်ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမှာပါ။

AECOM၊ အကြံပေးအဖွဲ့တွေနဲ့ NYDC Planning and Development အဖွဲ့သားတွေရဲ့ မနားတမ်းကြိုးပမ်းအားထုတ်မှုတွေကြောင့်လည်း ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ Singapore Institute Of Planners မှာ Best Planning Project အဖြစ် ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။

နောက်လာမယ့် အပတ်စဉ်စာစဉ်မှာ ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၁)ရက်ကနေ (၁၃) ရက်နေ့အထိ ကျင်းပခဲ့တဲ့ Urban Land Institute Forum က အတွေ့အကြုံတွေကိုလည်း ပြန်လည်မျှဝေပေးပါမယ်။

Master Plan Summary နဲ့ Master Plan Brochure ကို ဖတ်ရှုလေ့လာချင်တယ်ဆိုရင်တော့ အောက်ကလင့်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

Master Plan Summary – https://www.nydc.com.mm/master-plan-summary/

Master Plan Infographics – https://www.nydc.com.mm/mm/master-plan-infographics/

လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more