ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၀၃ နှင့် ၀၄ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၀၃ နှင့် ၀၄ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၃ နှင့် ၀၄ (RA-3, RA-4) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့နှင့် ‌‌‌‌ဖေဖော်ဝါရီလ(၁)ရက်နေ့တို့တွင် အထက်ပါဇယားအတိုင်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး၊ ဧကရာဇ်ဆိုင်ကယ်အရောင်းဆိုင်အပေါ်ထပ်တွင် ပြုလုပ်မည် ဖြစ်ပါသည်။

Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ ခရီးစဥ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့ဟာ နှစ်နိုင်ငံသဘောတူညီချက် တွေ၊ နားလည်မှုစာချွန်လွှာနဲ့ စာလွှာတွေ လဲလှယ်တဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှာ လဲလှယ်ခဲ့တဲ့ စာလွှာတွေထဲမှာ ကျွန်တော်တို့ NYDC  စီမံကိန်းအတွက် စာလွှာဖြစ်တဲ့ Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ China Communications Construction Company Ltd […]

Read more
ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မဲစနစ်ဖြင့် မဲနှိုက်ခဲ့သော မြေကွက်များအတွက် လယ်ပိုင်ရှင်တစ်ဦးချင်းစီကို ၎င်းတို့ပြန်လည်ရရှိမည့် မြေနေရာများအား ရှင်းလင်းတင်ပြခြင်ကို အထက်ပါအစီအစဉ်အတိုင်း တွံတေးမြို့နယ်၊ ရန်ကုန်-တွံတေးလမ်းမဘေး၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ဘုရားငူကျေးရွာအတွင်း ဧကရာဇ်မော်တော်ဆိုင်ကယ်ဆိုင်အပေါ်ထပ်ရှိ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာလုပ်ငန်းရုံးတွင် ကျင်းပမည်ဖြစ်ပါသည်။

Read more
ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၂ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၂ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ အထက်ပါဇယားအတိုင်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး၊ ဧကရာဇ်ဆိုင်ကယ်အရောင်းဆိုင်အပေါ်ထပ်တွင် ပြုလုပ်မည် ဖြစ်ပါသည်။

Read more