စီမံကိန်းတိုးတက်မှုအခြေအနေများ


ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ ခရီးစဥ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့ဟာ နှစ်နိုင်ငံသဘောတူညီချက် တွေ၊ နားလည်မှုစာချွန်လွှာနဲ့ စာလွှာတွေ လဲလှယ်တဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှာ လဲလှယ်ခဲ့တဲ့ စာလွှာတွေထဲမှာ ကျွန်တော်တို့ NYDC  စီမံကိန်းအတွက် စာလွှာဖြစ်တဲ့ Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ China Communications Construction Company Ltd (CCCC) ဥက္ကဌ Mr. Song Hailiang တို့မှ လဲလှယ်ခဲ့ပါတယ်။

စာလွှာအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)နဲ့ CCCC တို့ဟာ Stage 1 အခြေခံအဆောက်အဦလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ တင်ဒါလုပ်ငန်းစဥ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။ လုပ်ငန်းစဥ်ကို အ‌ကောင်အထည်ဖော်ရာမှာ လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ စည်းကမ်းချက်တွေနဲ့အညီ ပွင်းလင်းမြင်သာ ပြီး တရားမျှတမှုရှိစွာနဲ့  ဈေးကွက်စီးပွားရေးမူဝါဒအတိုင်း ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူခဲ့ ပါတယ်။

ဒါဟာ NYDC အတွက် အားတက်စရာ ခြေလှမ်းသစ်တစ်ခုဘဲ ဖြစ်ပါတယ်။

YCDC အနေနဲ့ Stage 1 အခြေခံအဆောက်အဦ(၆)ခုအတွက် Pre-Project Documents တွေကို ပြည်ထောင် စုအစိုးရ ခွင့်ပြုချက်ရရှိဖို့ တင်သွင်းထားပြီးဖြစ်ပြီး ခွင့်ပြုချက်ရရှိပြီး လိုအပ်တဲ့လုပ်ငန်းစဥ်တွေ ပြင်ဆင်ပြီးတာနဲ့ YCDC က Swiss Challenge တင်ဒါ ခေါ်ဆိုသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လုပ်ကိုင်နေတဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေဟာလည်း မကြာခင် အချိန်မှာ အပြီးသတ်နိုင်တော့မှာဖြစ်ပြီး နောက်အပတ်မှာ Phase 1 Stage 2 စီမံကိန်း တွေထဲက Cyber Connectivity Infrastructure ကဏ္ဍအတွက် ရွေးချယ်ခံရတဲ့ Preferred Applicant ကို ကြေငြာသွားမှာ ဖြစ်ပါတယ်။

အားလုံးသာယာပျော်ရွှင်စွာနဲ့ ၂၀၂၀ ကို ဖြတ်သန်းနိုင်ကြပါစေ။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ…Read more