ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ စီမံကိန်းအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ Swiss Challenge တင်ဒါကော်မတီမှာ ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ကော်မတီရဲ့ရည်ရွယ်ချက်ကတော့ စနစ်ကျပြီး ပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဥ်ကို ဖော်ဆောင်နိုင်ရုံသာမကဘဲ ပုဂ္ဂလိကကဏ္ဍက ပိုမိုပါဝင်နိုင်ပြီး ယှဥ်ပြိုင်မှုကိုအားပေးဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် Swiss Challenge […]

Read more