ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း


၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ စီမံကိန်းအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

Swiss Challenge တင်ဒါကော်မတီမှာ ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

ကော်မတီရဲ့ရည်ရွယ်ချက်ကတော့ စနစ်ကျပြီး ပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဥ်ကို ဖော်ဆောင်နိုင်ရုံသာမကဘဲ ပုဂ္ဂလိကကဏ္ဍက ပိုမိုပါဝင်နိုင်ပြီး ယှဥ်ပြိုင်မှုကိုအားပေးဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် Swiss Challenge တင်ဒါလုပ်ငန်းစဥ်ကို ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ဖြစ်တဲ့ Roland Berger ကို ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စီမံကိန်းရဲ့ ခြေလှမ်းသစ်အတွက် ဝမ်းမြောက်ရသလို လာမယ့်ရက်သတ္တပတ်အတွင်းမှာလည်း တင်ဒါကော်မတီအနေနဲ့ နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ရဲ့ အကူအညီနဲ့အတူ စီမံကိန်းလုပ်ငန်းစဥ်တွေစတင်နိုင်ဖို့အတွက် အသင့်တော်ဆုံးကုမ္ပဏီကို ရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံနဲ့နိုင်ငံသားများအတွက် စီးပွားရေးနှင့်လူမှုရေးအရ ကောင်းကျိုးဖြစ်ထွန်းစေမယ်ဆိုတာ ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ

Related Posts

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ…Read more