ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့် မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့် မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ နှင့် ကြည့်မြင်တိုင် မြို့နယ်တို့တွင် မြို့သစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းတွင် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုံ၊ ရေ နှင့် ရေဆိုး ဟူ၍ စီမံကိန်း ၆ ခု ပါဝင်ပါမည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေအရ NYDC သည် စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းဖြစ်သည့် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုံ၊ ရေ နှင့် ရေဆိုးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိရန် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA) […]

Read more
ရန်ကုန်မြို့သစ်စီမံကိန်း၏ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံ ရှင်းလင်းပွဲများ

ရန်ကုန်မြို့သစ်စီမံကိန်း၏ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံ ရှင်းလင်းပွဲများ

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအဆင့်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး သဘောထားအမြင်နှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံ ရှင်းလင်းပွဲများကို NYDC နှင့် Environmental Resources Management ကုမ္ပဏီတို့မှ ဧပြီလ (၁)ရက်နေ့တွင် အလုံမြို့နယ်၊ အလုံခန်းမ၌လည်းကောင်း၊ ဧပြီလ (၂)ရက်နေ့တွင် ကြည့်မြင့်တိုင်မြိုနယ် အနောက်ဖက်ခြမ်းရှိ ခါတော်မှီကျောင်းတိုက် နှင့် ချောင်းဝကျောင်းတိုက်တို့တွင်လည်းကောင်း၊ ဧပြီလ (၃)ရက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ နှင့် တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ ၌လည်းကောင်း၊ ဧပြီလ (၄)ရက်နေ့တွင် တွံတေးမြို့နယ်၊ လေးအိမ်စုကျောင်းတိုက် နှင့် သုံးအိမ်စုကျောင်းတိုက်တို့၌လည်းကောင်း၊ ဧပြီလ (၅)ရက်နေ့တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမနှင့် ပုညသုခဓမ္မာရုံတို့၌လည်းကောင်း၊ ဧပြီလ (၈)ရက်နေ့တွင် ဒလမြို့နယ် သိရိဇေယျနော်ရထာခန်းမနှင့် ကြည့်မြင့်တိုင်မြိုနယ် အရှေ့ဖက်ခြမ်းရှိ […]

Read more

ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေး

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေးနယ်နိမိတ်တွေကို ချမှတ်နိုင်ဖို့ NYDC အနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို ၂၀၁၈ခုနှစ် နှစ်လည်ပိုင်းမှစတင်ပြီး ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေအရ ရန်ကုန်မြို့သစ်စီမံကိန်းကို နည်းစနစ်ကျကျ ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment -SEA) ကို ပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ရေး အဖွဲ့အစည်းဖြစ်တဲ့ Environmental Resource Management (ERM) ကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုတွေ ပြုလုပ်ဖို့ ခန့်အပ်ခဲ့ပါတယ်။ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (SEA) ကို ပြုလုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အများကြီး အထောက်အကူပြုမှာ ဖြစ်သလို မြို့သစ်ကို […]

Read more