ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့် မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း


ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့် မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ နှင့် ကြည့်မြင်တိုင် မြို့နယ်တို့တွင် မြို့သစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းတွင် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုံ၊ ရေ နှင့် ရေဆိုး ဟူ၍ စီမံကိန်း ၆ ခု ပါဝင်ပါမည်။

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေအရ NYDC သည် စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းဖြစ်သည့် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုံ၊ ရေ နှင့် ရေဆိုးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိရန် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA) ၆ စောင် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ NYDC သည် ပတ်ဝန်းကျင်အပေါ် အစီအစဉ်များ၊ မူဝါဒများ၊ လျာထားချက်များ နှင့် အခြား ပဏာမ မဟာဗျူဟာများ၏ သက်ရောက်မှုများကို အစီအစဉ်တကျ လေ့လာဆန်းစစ်ရန် စီမံကိန်းပထမအဆင့်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်ခြင်း အစီရင်ခံစာ (SEA) ၁ စောင် ကိုပါ ပြုလုပ်ဆောင်ရွက်သွားပါမည်။ NYDC ကိုယ်စား Environmental Resources Management (ERM) – Myanmar Limited, Resource and Environment Myanmar (REM) နှင့် Environment Quality Management (EQM) တို့က EIAs နှင့် SEA တို့အတွက် အခြေခံအချက်အလက်များ ကောက်ယူခြင်း နှင့် လူထုတွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ EIA များကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အရ လိုက်နာဆောင်ရွက်သွားပါမည်။

စီမံကိန်း ၆ ခုအတွက် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြပြီးဖြစ်ပါသည်။

NYDC နှင့် စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက NYDC ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော https://nydc.com.mm/ တွင် လေ့လာနိုင်ပါသည်။

Related Posts

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၀၃ နှင့် ၀၄ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၀၃ နှင့် ၀၄ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၃ နှင့် ၀၄ (RA-3, RA-4) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့နှင့် ‌‌‌‌ဖေဖော်ဝါရီလ(၁)ရက်နေ့တို့တွင်…Read more
ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မဲစနစ်ဖြင့် မဲနှိုက်ခဲ့သော မြေကွက်များအတွက် လယ်ပိုင်ရှင်တစ်ဦးချင်းစီကို ၎င်းတို့ပြန်လည်ရရှိမည့် မြေနေရာများအား ရှင်းလင်းတင်ပြခြင်ကို အထက်ပါအစီအစဉ်အတိုင်း တွံတေးမြို့နယ်၊…Read more
ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၂ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၂ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ အထက်ပါဇယားအတိုင်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊…Read more

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၁ (RA-1) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး၊ ဧကရာဇ်ဆိုင်ကယ်အရောင်းဆိုင်အပေါ်ထပ်တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၉)နာရီတွင်…Read more

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ မှ ၄ (RA-1 to 4) အတွင်းရှိ မြေကွက်မြေပုံများ ရှင်းလင်းတင်ပြမည့်နေ့ရက်များ

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ (RA-1) အတွင်းရှိ မြေကွက်မြေပုံများအား နိုဝင်ဘာလ(၂၂)ရက်နေ့တွင် အများပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ရာ ဧရိယာကွင်းအမှတ်-၃(RA-3)အတွင်းရှိ မြေကွက်မြေပုံ ရှင်းလင်းခြင်းကို နိုဝင်ဘာလ(၂၉)ရက် နံနက်(၉း၃၀)နာရီတွင်…Read more