ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ

၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြမယ် ထင်ပါတယ်။ ဆွေးနွေးပွဲဟာ တက်ကြွပြီး အသက်ဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ကြားသိခဲ့ရတဲ့အပြင် စီမံကိန်းထောက်ခံတဲ့သူတွေအနေနဲ့  မြို့သစ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကြားသိခွင့်ရခဲ့ပါတယ်။ အမြင်ကွဲပြားမှုများ အခုလို စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စတော်တော်များများဟာ ဒီစီမံကိန်းစတင် အကောင်အထည်ဖော် ကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC တို့ ဂရုတစိုက်နဲ့ သေသေချာချာ ထည့်သွင်းစဉ်းစားထားတဲ့ အချက်တွေပါ။ ဥပမာအားဖြင့် မူလပိုင်ရှင် လယ်သမားများကို အကျိုးအမြတ်မနစ်နာစေပဲ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အစီအစဉ်များရေးဆွဲရေး၊ တိုင်းပြည်ရဲ့အကျိုးစီးပွားကိုကာကွယ်ရေး၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အကြွေးနွံထဲ မရောက်စေရေး၊ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ […]

Read more
ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း လျာထားသည့် ပြန်လည်နေရာချထားရေး ဧရိယာများ၊ စပ်ဆက်ဧရိယာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းအစည်းအဝေး

ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း လျာထားသည့် ပြန်လည်နေရာချထားရေး ဧရိယာများ၊ စပ်ဆက်ဧရိယာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းအစည်းအဝေး

ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းလျာထားသည့် ပြန်လည်နေရာချထားရေး ဧရိယာများ၊ စပ်ဆက်ဧရိယာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းအစည်းအဝေးကို၂၀၁၉ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့တွင် တွံတေးမြို့နယ်၊ အထက်တမာတကော တွင်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ခလောက်ချိုက်၊ အထက်တမာတကော၊ မငေး၊ ထိန်ကုန်း၊ ကံရွာ၊ ဗျောက်ရိုး ၊ ကုလားတန်း၊ သုံးအိမ် ၊သံဖြူရုံ၊ လက်ပံဂွ၊ ကျွန်းကလေး၊ ဂျောင်ဝိုင်း နှင့် အလပ်ချောင်း ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
Read more

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် တင်သွင်းထားသော EOI များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် NYDC Challenge Tender ပထမအဆင့်စတင်နိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest – EOI) ခေါ်ဆိုခဲ့ပါတယ်။ ဒီအတွက် သတ်မှတ်ထားတဲ့ နောက်ဆုံးတင်သွင်းရက်က ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ဖြစ်ပြီး အဖွဲ့အစည်းတော်တော်များများက စိတ်ပါဝင်စားစွာ EOI တင်သွင်းကြတာကိုလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် EOI တင်သွင်းမှုစုစုပေါင်း (၇၇) ခုရှိခဲ့ပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် တင်သွင်းမှုစုစုပေါင်းကို အောက်မှာ ခွဲခြားပေးထားပါတယ်။ 1) Power Supply and Distribution (20 EOIs) 2) Public Transport System (7 EOIs) 3) Cyber Connectivity Infrastructure (13 EOIs) 4) Municipal […]

Read more

Town Hall – 6 March, 2019

NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် (၉)လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အခုအချိန်အထိ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ တိုးတက်မှုအခြေအနေတွေကို စီမံကိန်းနဲ့ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် အများပြည်သူတွေ သိရှိရအောင် ဒုတိယအကြိမ် Town Hall ဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခု Town Hall ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် Panelists များက လွတ်လပ်စွာ ပြောဆိုဆွေးနွေးသွားမှာဖြစ်ပြီး အမေးအဖြေကဏ္ဍမှာလည်း သိလိုတဲ့မေးခွန်းများကိုလည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ Town Hall မှာ ပါဝင်ဆွေးနွေးမယ့် Panelists တွေကတော့ ဦးခိုင်ဝင်း (Founder/Director – Sandhi Governance Institute) ၊ […]

Read more