ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် တင်သွင်းထားသော EOI များ


၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် NYDC Challenge Tender ပထမအဆင့်စတင်နိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest – EOI) ခေါ်ဆိုခဲ့ပါတယ်။ ဒီအတွက် သတ်မှတ်ထားတဲ့ နောက်ဆုံးတင်သွင်းရက်က ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ဖြစ်ပြီး အဖွဲ့အစည်းတော်တော်များများက စိတ်ပါဝင်စားစွာ EOI တင်သွင်းကြတာကိုလည်း တွေ့ရှိရပါတယ်။

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် EOI တင်သွင်းမှုစုစုပေါင်း (၇၇) ခုရှိခဲ့ပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် တင်သွင်းမှုစုစုပေါင်းကို အောက်မှာ ခွဲခြားပေးထားပါတယ်။

1) Power Supply and Distribution (20 EOIs)
2) Public Transport System (7 EOIs)
3) Cyber Connectivity Infrastructure (13 EOIs)
4) Municipal Waste Disposal (15 EOIs)
5) Natural Gas Supply and Distribution (14 EOIs)
6) Convention Center (8 EOIs)

လုပ်ငန်း(၆)ခုအတွက် တင်သွင်းလာတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း (၄၅) ခုရှိပြီး မြန်မာ၊ အိန္ဒိယ၊ ဖင်လန်၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ အီတလီ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ အစရှိတဲ့ နိုင်ငံပေါင်းစုံက ပါဝင်ပါတယ်။ တစ်ချို့ကုမ္ပဏီတွေက လုပ်ငန်းကဏ္ဍတစ်ခုထက်ပိုပြီး ပါဝင်လုပ်ဆောင်ဖို့ တင်သွင်းထားပါတယ်။

တင်သွင်းလာတဲ့ အဖွဲ့အစည်း (၄၅) ခုထဲက (၄)ခုက EPC (Engineering, Procurement and Construction) Contractors (ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်မယ့် ကန်ထရိုက်တာ) အနေနဲ့ လုပ်ကိုင်ဖို့ စိတ်ပါဝင်စားကြောင်း တင်သွင်းထားပါတယ်။ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ NYDC က ကျင်းသုံးမယ့် Public-Private-Partnership (PPP) model အရ ရွေးချယ်ခံရတဲ့ အဖွဲ့အစည်းနဲ့ NYDC တို့ ပူပေါင်းပြီး Design, Invest, Build and Operate (ဒီဇိုင်းဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ တည်ဆောက်ခြင်း၊ စီမံလုပ်ကိုင်ခြင်း) ပုံစံနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ EPC Contractor အဖြစ် ပါဝင်လုပ်ကိုင်လိုတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ အနာဂတ်မှာ ဒီစီမံကိန်းတွေကို ဦးစီးလုပ်ကိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပါဝင်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးကို ရရှိနိုင်ပါတယ်။

NYDC အနေနဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်တွေနဲ့ ပူပေါင်းဆောက်ရွက်မယ့်ပုံစံ (cooperation model) တွေကို EOI တင်သွင်းထားတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းတွေထံကို ဆက်သွယ်ပေးပို့သွားပါမယ်။ အဲဒီကနေတဆင့် နောက်ဆုံးဆန်ကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး အသေးစိတ်ဆက်လက်တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more