Town Hall – 6 March, 2019


NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် (၉)လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အခုအချိန်အထိ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ တိုးတက်မှုအခြေအနေတွေကို စီမံကိန်းနဲ့ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် အများပြည်သူတွေ သိရှိရအောင် ဒုတိယအကြိမ် Town Hall ဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခု Town Hall ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် Panelists များက လွတ်လပ်စွာ ပြောဆိုဆွေးနွေးသွားမှာဖြစ်ပြီး အမေးအဖြေကဏ္ဍမှာလည်း သိလိုတဲ့မေးခွန်းများကိုလည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

Town Hall မှာ ပါဝင်ဆွေးနွေးမယ့် Panelists တွေကတော့ ဦးခိုင်ဝင်း (Founder/Director – Sandhi Governance Institute) ၊ ဦးဝင်းမျိုးသူ (Chairman, Association of Advancing Life and Regenerating Motherland-ALARM) ၊ ဦးဖြိုးဝေ (Eleven Media Group) နဲ့ ကျွန်တော်အပါအဝင် လေးယောက် ဖြစ်ပါတယ်။

Town Hall Moderator အနေနဲ့ ဦးသူရကိုကို (Managing Director – YGA Capitals) ကပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဦးသူရကိုကိုဟာ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ Invest Myanmar Summit 2019 ရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးသောင်းထွန်းနှင့် ဆွေးနွေးပွဲမှာလည်း moderator အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒီ NYDC Town Hall ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

NYDC Town Hall 2

နေ့ရက် – ၆.၃.၂၀၁၉ (ဗုဒ္ဓဟူးနေ့)

အချိန် – ညနေ (၅.၃၀) မှ (၇.၃၀)အထိ

နေရာ – မင်္ဂလာခန်းမ၊ UMFCCI၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်

တက်ရောက်လိုသူများအနေနဲ့  [email protected] သို့မဟုတ် 01-2306377 သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more