ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ စီမံကိန်းအတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ Swiss Challenge တင်ဒါကော်မတီမှာ ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ကော်မတီရဲ့ရည်ရွယ်ချက်ကတော့ စနစ်ကျပြီး ပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဥ်ကို ဖော်ဆောင်နိုင်ရုံသာမကဘဲ ပုဂ္ဂလိကကဏ္ဍက ပိုမိုပါဝင်နိုင်ပြီး ယှဥ်ပြိုင်မှုကိုအားပေးဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် Swiss Challenge […]

Read more

Cyber Connectivity Infrastructure ကဏ္ဍအတွက် Preferred Applicant ရွေးချယ်ခြင်း

ကျွန်တော်တို့ Cyber Connectivity Infrastructure ကဏ္ဍအတွက် Swiss Challenge ကို စတင်နိုင်ဖို့ Preferred Applicant အဖြစ် Frontiir Pte Ltd (Frontiir) ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Frontiir ဟာ  ၂၀၁၃ ခုနှစ်က Myanmar Net ကို စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သုံးစွဲသူပေါင်း (၁.၃)သန်း ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ‌ရွေးချယ်မှုလုပ်ငန်းစဥ် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလမှာ Stage 2 အ‌ခြေခံအဆောက်အဦစီမံကိန်း(၆)ခုအတွက် Expression Of Interest(EOI) ခေါ်ဆိုခဲ့ပြီး Cyber Connectivity Infrastructure ကဏ္ဍအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ကုမ္ပဏီတွေက EOI တင်သွင်းမှု (၁၃)ခုရှိခဲ့ပါတယ်။ အဲဒီအထဲမှာ […]

Read more
ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၀၃ နှင့် ၀၄ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၀၃ နှင့် ၀၄ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၃ နှင့် ၀၄ (RA-3, RA-4) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့နှင့် ‌‌‌‌ဖေဖော်ဝါရီလ(၁)ရက်နေ့တို့တွင် အထက်ပါဇယားအတိုင်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး၊ ဧကရာဇ်ဆိုင်ကယ်အရောင်းဆိုင်အပေါ်ထပ်တွင် ပြုလုပ်မည် ဖြစ်ပါသည်။

Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ ခရီးစဥ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့ဟာ နှစ်နိုင်ငံသဘောတူညီချက် တွေ၊ နားလည်မှုစာချွန်လွှာနဲ့ စာလွှာတွေ လဲလှယ်တဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှာ လဲလှယ်ခဲ့တဲ့ စာလွှာတွေထဲမှာ ကျွန်တော်တို့ NYDC  စီမံကိန်းအတွက် စာလွှာဖြစ်တဲ့ Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ China Communications Construction Company Ltd […]

Read more
ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိ မဲစနစ်ဖြင့် မဲနှိုက်ခဲ့သော မြေကွက်များအတွက် လယ်ပိုင်ရှင်တစ်ဦးချင်းစီကို ၎င်းတို့ပြန်လည်ရရှိမည့် မြေနေရာများအား ရှင်းလင်းတင်ပြခြင်ကို အထက်ပါအစီအစဉ်အတိုင်း တွံတေးမြို့နယ်၊ ရန်ကုန်-တွံတေးလမ်းမဘေး၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ဘုရားငူကျေးရွာအတွင်း ဧကရာဇ်မော်တော်ဆိုင်ကယ်ဆိုင်အပေါ်ထပ်ရှိ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာလုပ်ငန်းရုံးတွင် ကျင်းပမည်ဖြစ်ပါသည်။

Read more
ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၂ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၂ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၂ (RA-2) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ အထက်ပါဇယားအတိုင်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး၊ ဧကရာဇ်ဆိုင်ကယ်အရောင်းဆိုင်အပေါ်ထပ်တွင် ပြုလုပ်မည် ဖြစ်ပါသည်။

Read more
ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၁ (RA-1) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၁ (RA-1) အတွင်းရှိ မြေကွက်များအား ရှင်းလင်းမည့်အချိန်စာရင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် - ၀၁ (RA-1) အတွင်းရှိ မဲစနစ်ဖြင့် မဲနှိုက်ခဲ့သော မြေကွက်များအတွက် လယ်ပိုင်ရှင်တစ်ဦးချင်းစီကို ၎င်းတို့ပြန်လည်ရရှိမည့် မြေနေရာများအား ရှင်းလင်းတင်ပြခြင်ကို အထက်ပါအစီအစဉ်အတိုင်း တွံတေးမြို့နယ်၊ ရန်ကုန်-တွံတေးလမ်းမဘေး၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ဘုရားငူကျေးရွာအတွင်း ဧကရာဇ်မော်တော်ဆိုင်ကယ်ဆိုင်အပေါ်ထပ်ရှိ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာလုပ်ငန်းရုံးတွင် ကျင်းပမည်ဖြစ်ပါသည်။
Read more

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ အတွက် မဲနှိုက်မည့်ရက်‌‌ကြေငြာခြင်း

တွံတေးမြို့နယ်၊ ပြန်လည်နေရာချထားရေးဧရိယာကွင်းအမှတ် – ၀၁ (RA-1) အတွင်းရှိမြေကွက်များအား မဲစနစ်ဖြင့် မဲနှိုက်ခြင်းကို တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး၊ ဧကရာဇ်ဆိုင်ကယ်အရောင်းဆိုင်အပေါ်ထပ်တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၉)နာရီတွင် ပြုလုပ်မည် ဖြစ်ပါသည်။

Read more

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ မှ ၄ (RA-1 to 4) အတွင်းရှိ မြေကွက်မြေပုံများ ရှင်းလင်းတင်ပြမည့်နေ့ရက်များ

ရန်ကုန်မြို့သစ်စီမံကိန်း၏ ၂၀% မြို့မြေပြန်လည်နေရာချထားမည့် ဧရိယာကွင်းအမှတ်-၁ (RA-1) အတွင်းရှိ မြေကွက်မြေပုံများအား နိုဝင်ဘာလ(၂၂)ရက်နေ့တွင် အများပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ရာ ဧရိယာကွင်းအမှတ်-၃(RA-3)အတွင်းရှိ မြေကွက်မြေပုံ ရှင်းလင်းခြင်းကို နိုဝင်ဘာလ(၂၉)ရက် နံနက်(၉း၃၀)နာရီတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ရပ်ကွက်၊ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာလုပ်ငန်းရုံးအဖွဲ့တွင်လည်းကောင်း၊ ဧရိယာကွင်းအမှတ်-၂(RA-2) နှင့် ဧရိယာကွင်းအမှတ်-၄(RA-4)အတွင်းရှိ မြေကွက်မြေပုံ ရှင်းလင်းခြင်းကို နိုဝင်ဘာလ(၂၉)ရက် နေ့လည်(၁.၃၀)နာရီတွင် တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအုပ်စု၊ မျက်နီကုန်းကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း ရေးဆွဲရေးနဲ့ မျှတပြီးပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဥ်ကို ဟန်ချက်ညီညီဆောင်ရွက်နိုင်လို့ဖြစ်ပါတယ်။ အခုလို စနစ်တကျနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ဖို့ ရန်ကုန်တိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး မြေနေရာပြန်လည်ချထားခြင်းကြီးကြပ်ရေးကော်မတီ၊ မြေနေရာပြန်လည်ချထားခြင်းလုပ်ငန်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မြေစာရင်းဦးစီးဌာနနဲ့ NYDCတို့က ပူးပေါင်းပါဝင် လုပ်ကိုင်လျက်ရှိပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့်မှာ စုစုပေါင်းလယ်ယာမြေဧက (၁၈၃၉၀) ဧကခန့်ပါဝင်ပြီး လယ်ယာမြေပိုင်ဆိုင်သူတွေ ဆန္ဒပြုသတ်မှတ်ထားတဲ့ ကွင်းအမှတ်(၅)ခုမှာ အသားတင်မြို့မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်မယ့်လုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့မှာ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ပြန်လည်နေရာချထား‌ရေး ဧရိယာ(၅)ခု(RA1-RA5) ရဲ့ နယ်နိမိတ်တွေကို မြေပိုင်ရှင်တွေက အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုပြုခဲ့တဲ့ ပြန်လည်နေရာချထား‌ရေးဧရိယာ(၅)ခုကို အများသုံး […]

Read more
1 2 3