SIP Planning Awards 2019

SIP Planning Awards 2019

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် Singapore Institute of Planners အဖွဲ့အစည်းမှ ကျင်းပသော (၆)ကြိမ်မြောက် Planning Awards 2019 ပွဲတွင် ရန်ကုန်မြို့သစ်၏ Master Plan သည် Best Planning Project ကဏ္ဍအတွက် Merit Award ကိုရရှိခဲ့ပါသည်။

Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့  (၆)ကြိမ်မြောက် Planning Awards 2019 ပွဲမှာ Best Planning Project ကဏ္ဍအတွက် Merit Award ကိုရရှိခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ SIP Planning Awards ဟာ ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ မြို့ပြဖော်ထုတ်ရေးပညာရှင်(urban planner)တွေနဲ့ အကြံပေးအဖွဲ့အစည်းတွေကို ချီးမြှောက်တဲ့ ဂုဏ်သတင်းကြီးပြီး အဆင့်အတန်းမြင့်မားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့အတွက် ဒီဆုဟာ ကျွန်တော်တို့ NYDC အတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲရာမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ AECOM, NYDC […]

Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို အသစ်ဝင်ရောက်လာတဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်သစ်တွေကတော့ ဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ဝန်ကြီးဦးဟံထွန်းနေရာမှာ ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက်  အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံဖြိုးရေးမှာ အများကြီးအထောက်အကူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မြန်မာနိုင်ငံမှာ ကုန်ထုတ်စက်ရုံတွေ ရွှေ့ပြောင်းတည်ဆောက်ဖို့ လာရောက်စုံစမ်းတဲ့ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ […]

Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ စီမံကိန်းတွေဖြစ်တဲ့ ၁) Power Supply and Distribution ၂) Natural Gas Supply and Distribution ၃) Cyber Connectivity ၄) Public Transport ၅) Waste Management နဲ့ ၆) Convention Center တို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest)ကို  ကြေငြာခဲ့ပါ တယ်။ NYDC က သက်ဆိုင်ရာကဏ္ဍအလိုက် EOI တင်သွင်းမှု (၇၇)ခုကို  ကုမ္ပဏီ/ အဖွဲ့အစည်းပေါင်း (၄၅)ခုထံက […]

Read more

မြို့ပြဖော်ထုတ်ရေးကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ခြင်း

2019 Urban Land Institute Asia Pacific Summit ညီလာခံကို ဇွန်လ (၁၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပြီး ကျွန်တော်ဦးဆောင်တဲ့ NYDC အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။ ULIလို့လူသိများတဲ့ Urban Land Institute ဟာ နယ်ပယ်စုံက အိမ်ရာဖွံ့ဖြိုးရေးနဲ့ မြေယာဖော်ထုတ်ရေး ကျွမ်းကျင်အတတ်ပညာရှင်တွေပါဝင်တဲ့ သက်တမ်းအကြာဆုံးနဲ့ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ULI ကို ၁၉၃၆ ခုနှစ်မှာ စဖွဲ့စည်းခဲ့ပြီး အမေရိကန်၊ ဥရောပနဲ့ အာရှပစိဖိတ်ဒေသတွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။ 2019 ULI Asia Pacific Summit ကို နယ်ပယ်ပေါင်းစုံမှ မြေယာဖော်ထုတ်ရေးနဲ့ မြို့ပြစီမံခန့်ခွဲရေး ကျွမ်းကျင်ပညာရှင် ရာနဲ့ချီတက်ရောက်ခဲ့ကြပြီး အားလုံးရဲ့တူညီတဲ့ပန်းတိုင်ကတော့ လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ […]

Read more

ရန်ကုန်မြို့သစ်၏ Master Plan

ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို AECOM အဖွဲ့က စည်းစနစ်အကျဆုံး၊ထိရောက်မှုအရှိဆုံး၊ အလေအလွင့်အနည်းဆုံး မြေကိုအသုံးချနိုင်ဖို့အတွက်သာမက တည်ဆောက်အကောင်အထည်ဖော်မယ့် လိုအပ်နေတဲ့အခြေခံအဆောက်အဦတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့နဲ့ သက်ဆိုင်တဲ့ အဆောက်အအုံစီမံကိန်းတွေပါတဲ့ မြို့သစ်တစ်ခုကို စဉ်ဆက်မပြတ်ဟန်ချက်ညီညီနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး စေ့စေ့စပ်စပ် ဂရုတစ်စိုက်နဲ့ ဘက်ပေါင်းစုံကစဉ်းစားပြီး ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲတဲ့နေရာမှာ လူဦးရေ(၁.၂)သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲရုံသာမက McKinsey အဖွဲ့က ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲ့တဲ့ လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan) မှာ ဖော်ပြခဲ့တဲ့ ၂၀၅၀ ပြည့်နှစ်မှာ အလုပ်အကိုင်ပေါင်း (၉) သိန်း ဖန်တီးနိုင်ရေး ရည်ရွယ်ချက်ကိုပါ ထည့်တွက်ပြီးရေးဆွဲထားပါတယ်။ AECOM […]

Read more
ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့် မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့် မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ နှင့် ကြည့်မြင်တိုင် မြို့နယ်တို့တွင် မြို့သစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းတွင် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုံ၊ ရေ နှင့် ရေဆိုး ဟူ၍ စီမံကိန်း ၆ ခု ပါဝင်ပါမည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေအရ NYDC သည် စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းဖြစ်သည့် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုံ၊ ရေ နှင့် ရေဆိုးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိရန် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA) […]

Read more
ရန်ကုန်မြို့သစ်စီမံကိန်း၏ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံ ရှင်းလင်းပွဲများ

ရန်ကုန်မြို့သစ်စီမံကိန်း၏ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံ ရှင်းလင်းပွဲများ

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအဆင့်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး သဘောထားအမြင်နှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံ ရှင်းလင်းပွဲများကို NYDC နှင့် Environmental Resources Management ကုမ္ပဏီတို့မှ ဧပြီလ (၁)ရက်နေ့တွင် အလုံမြို့နယ်၊ အလုံခန်းမ၌လည်းကောင်း၊ ဧပြီလ (၂)ရက်နေ့တွင် ကြည့်မြင့်တိုင်မြိုနယ် အနောက်ဖက်ခြမ်းရှိ ခါတော်မှီကျောင်းတိုက် နှင့် ချောင်းဝကျောင်းတိုက်တို့တွင်လည်းကောင်း၊ ဧပြီလ (၃)ရက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ နှင့် တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ ၌လည်းကောင်း၊ ဧပြီလ (၄)ရက်နေ့တွင် တွံတေးမြို့နယ်၊ လေးအိမ်စုကျောင်းတိုက် နှင့် သုံးအိမ်စုကျောင်းတိုက်တို့၌လည်းကောင်း၊ ဧပြီလ (၅)ရက်နေ့တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမနှင့် ပုညသုခဓမ္မာရုံတို့၌လည်းကောင်း၊ ဧပြီလ (၈)ရက်နေ့တွင် ဒလမြို့နယ် သိရိဇေယျနော်ရထာခန်းမနှင့် ကြည့်မြင့်တိုင်မြိုနယ် အရှေ့ဖက်ခြမ်းရှိ […]

Read more

ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေး

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေးနယ်နိမိတ်တွေကို ချမှတ်နိုင်ဖို့ NYDC အနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို ၂၀၁၈ခုနှစ် နှစ်လည်ပိုင်းမှစတင်ပြီး ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေအရ ရန်ကုန်မြို့သစ်စီမံကိန်းကို နည်းစနစ်ကျကျ ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment -SEA) ကို ပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ရေး အဖွဲ့အစည်းဖြစ်တဲ့ Environmental Resource Management (ERM) ကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုတွေ ပြုလုပ်ဖို့ ခန့်အပ်ခဲ့ပါတယ်။ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (SEA) ကို ပြုလုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အများကြီး အထောက်အကူပြုမှာ ဖြစ်သလို မြို့သစ်ကို […]

Read more

ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ

၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြမယ် ထင်ပါတယ်။ ဆွေးနွေးပွဲဟာ တက်ကြွပြီး အသက်ဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ကြားသိခဲ့ရတဲ့အပြင် စီမံကိန်းထောက်ခံတဲ့သူတွေအနေနဲ့  မြို့သစ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကြားသိခွင့်ရခဲ့ပါတယ်။ အမြင်ကွဲပြားမှုများ အခုလို စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စတော်တော်များများဟာ ဒီစီမံကိန်းစတင် အကောင်အထည်ဖော် ကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC တို့ ဂရုတစိုက်နဲ့ သေသေချာချာ ထည့်သွင်းစဉ်းစားထားတဲ့ အချက်တွေပါ။ ဥပမာအားဖြင့် မူလပိုင်ရှင် လယ်သမားများကို အကျိုးအမြတ်မနစ်နာစေပဲ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အစီအစဉ်များရေးဆွဲရေး၊ တိုင်းပြည်ရဲ့အကျိုးစီးပွားကိုကာကွယ်ရေး၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အကြွေးနွံထဲ မရောက်စေရေး၊ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ […]

Read more