Cyber Connectivity Infrastructure ကဏ္ဍအတွက် Preferred Applicant ရွေးချယ်ခြင်း


ကျွန်တော်တို့ Cyber Connectivity Infrastructure ကဏ္ဍအတွက် Swiss Challenge ကို စတင်နိုင်ဖို့ Preferred Applicant အဖြစ် Frontiir Pte Ltd (Frontiir) ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Frontiir ဟာ  ၂၀၁၃ ခုနှစ်က Myanmar Net ကို စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သုံးစွဲသူပေါင်း (၁.၃)သန်း ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

‌ရွေးချယ်မှုလုပ်ငန်းစဥ်

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလမှာ Stage 2 အ‌ခြေခံအဆောက်အဦစီမံကိန်း(၆)ခုအတွက် Expression Of Interest(EOI) ခေါ်ဆိုခဲ့ပြီး Cyber Connectivity Infrastructure ကဏ္ဍအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ကုမ္ပဏီတွေက EOI တင်သွင်းမှု (၁၃)ခုရှိခဲ့ပါတယ်။ အဲဒီအထဲမှာ လိုအပ်တဲ့ အချက်အလက်မတင်ပြနိုင်တဲ့ ကုမ္ပဏီတွေလည်းပါသလို  အချို့ပြန်လည်နှုတ်ထွက်သွားတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ ကုမ္ပဏီတွေက တင်သွင်းလာတဲ့ အချက်အလက်တွေကို အထပ်ထပ်စိစစ်မှုတွေလုပ်ခဲ့ပြီး၊ တွေ့ဆုံမေးမြန်းဆွေးနွေးမှုတွေ အပြီးမှာ ကုမ္ပဏီ(၂)ခုကို ဆန်ကာတင်ရွေးချယ်ခဲ့ပါတယ်။

ကျွန်တော်တို့ Stage 2 အခြေခံအဆောက်အဦကဏ္ဍအားလုံးအတွက် စိစစ်‌ရွေးချယ်မှုလုပ်ငန်းစဥ်ကို Monetary Authority of Singapore နှင့် Enterprise Singapore တို့က ပူးပေါင်းတည်ထောင်ထားတဲ့ Infrastructure Asia(IA)က ချမှတ်ထားတဲ့ စံနှုန်းအတိုင်း IA နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ရွေးချယ်မှုရလာဒ်

တင်းကြပ်တဲ့ စိစစ်မှုတွေဆောင်ရွက်အပြီးမှာ မြန်မာနိုင်ငံ ICT ကဏ္ဍနဲ့အကျွမ်းတဝင်ရှိပြီး ၊ ကောင်းမွန်တဲ့ Wi-Fi ကွန်ရက်တစ်ခုကို တည်ထောင်ထားနိုင်တဲ့ Frontiir ဟာ အသင့်တော်ဆုံးဖွဲ့အစည်းအဖြစ် အမှတ်အများဆုံး ရရှိခဲ့ပါတယ်။ Frontiir ရဲ့ ပဏာမအဆိုပြုလွှာဆိုရင်လည်း NYDC ရဲ့ ရေရှည်ရည်မှန်းချက်တွေဖြစ်တဲ့ ဘက်ပေါင်းစုံက ဝန်ဆောင်မှုအပြည့်ပါဝင်တဲ့ Smart City တစ်ခုတည်ထောင်ရေးနဲ့ ကိုက်ညီပါတယ်။

ဒါ့အပြင် Frontiir ရဲ့ လုပ်ငန်းတွေကို နိုင်ငံတကာအတွေ့အကြုံကောင်းတွေ များစွာရှိတဲ့ ကမ္ဘာ့အဆင့်ရှိ အုပ်ချုပ်မှုနဲ့ အင်ဂျင်နီယာ အဖွဲ့သားတွေ ဦးဆောင်လုပ်ကိုင်နေပြီး စီမံကိန်းအဖွဲ့ကို Co-Founder ၊ Chairman နဲ့ CEO ဖြစ်တဲ့ ဦးဝေလင်းထွန်း@Dr. Godfrey Tan က ဦးဆောင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ Cyber Connectivity Infrastructure ကဏ္ဍအတွက် ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုက ‌ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပြီး ရှေ့ဆက်ပြီးတော့ Pre-Project Document အောင်မြင်စွာရေးဆွဲပြီး Swiss Challenge ခေါ်ယူနိုင်ဖို့ ဆက်လက်‌ဆောင်ရွက်သွားပါမယ်။

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ…Read more