ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် တင်သွင်းထားသော EOI များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် NYDC Challenge Tender ပထမအဆင့်စတင်နိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest – EOI) ခေါ်ဆိုခဲ့ပါတယ်။ ဒီအတွက် သတ်မှတ်ထားတဲ့ နောက်ဆုံးတင်သွင်းရက်က ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ဖြစ်ပြီး အဖွဲ့အစည်းတော်တော်များများက စိတ်ပါဝင်စားစွာ EOI တင်သွင်းကြတာကိုလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် EOI တင်သွင်းမှုစုစုပေါင်း (၇၇) ခုရှိခဲ့ပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် တင်သွင်းမှုစုစုပေါင်းကို အောက်မှာ ခွဲခြားပေးထားပါတယ်။ 1) Power Supply and Distribution (20 EOIs) 2) Public Transport System (7 EOIs) 3) Cyber Connectivity Infrastructure (13 EOIs) 4) Municipal […]

Read more

Town Hall – 6 March, 2019

NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် (၉)လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အခုအချိန်အထိ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ တိုးတက်မှုအခြေအနေတွေကို စီမံကိန်းနဲ့ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် အများပြည်သူတွေ သိရှိရအောင် ဒုတိယအကြိမ် Town Hall ဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခု Town Hall ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် Panelists များက လွတ်လပ်စွာ ပြောဆိုဆွေးနွေးသွားမှာဖြစ်ပြီး အမေးအဖြေကဏ္ဍမှာလည်း သိလိုတဲ့မေးခွန်းများကိုလည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ Town Hall မှာ ပါဝင်ဆွေးနွေးမယ့် Panelists တွေကတော့ ဦးခိုင်ဝင်း (Founder/Director – Sandhi Governance Institute) ၊ […]

Read more

မြို့သစ်စီမံကိန်း၏ လွဲမှားနေသောအချက်အလက်များကို သုံးသပ်ရှင်းလင်းခြင်း

ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း (Final Master Plan Presentation) ပွဲအပြီးမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်ပေါ်မှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးနဲ့ အမြင်အချို့ ထွက်ပေါ်လာပါတယ်။ တော်တော်များများက NYDC ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ကြပြီး အထူးသဖြင့် NYDC ရဲ့ စီမံကိန်းတိုးတက်မှုတွေ၊ စီမံကိန်းတည်ရှိရာ ဒေသခံများနဲ့ တွေဆုံမှုတွေနဲ့ အများပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားမှုတွေကို ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း ပြင်းထန်စွာ ဝေဖန်ထားတဲ့ အမြင်တွေနဲ့ ဆောင်းပါးအချို့ကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုအများနဲ့သက်ဆိုင်တဲ့ စီမံကိန်းမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ ထောက်ပြဝေဖန်မှုတွေကို ကြိုဆိုပေမယ့် တစ်ချို့ကလွဲမှားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ ဝေဖန်နေကြတဲ့အတွက်  ကျွန်တော့်အနေနဲ့ ပြန်လည်ရှင်းပြဖို့  တာဝန်ရှိလာပါတယ်။ […]

Read more

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) တွေကို NYDC နဲ့ အကြံပေး Environmental Resources Management (ERM) အဖွဲ့တို့ ပူပေါင်းပြီး စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ERM အဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး Independent Sustainablity ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၉၀ နှစ်တွေထဲက စတင်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။  မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) ကို အဓိကလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့သစ်အတွက် စီမံကိန်းများရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုမူဘောင် (Environmental and Social Management Framework ) ကတဆင့် အခြေခံစံနှုန်းအဖြစ် ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ SEA ကို မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံချက် ( Sustainable Development Plan)၊ နိုင်ငံတကာအဆင့်အနေနဲ့ […]

Read more

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် EOI

NYDC မှ ရန်ကုန်မြို့သစ်အဆင့်(၁)ရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်နိုင်ဖို့အတွက် NYDC Challenge ပထမအဆင့်ဖြစ်တဲ့ ရွေးချယ်ခြင်းအဆင့်ကို ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression Of Interest – EOI)   ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ EOI ခေါ်ယူသွားမယ့် ကဏ္ဍတွေကတော့ 1)         Power Supply and Distribution 2)         Public Transport System 3)         Cyber Connectivity Infrastructure 4)         Municipal Waste Disposal 5)         Natural Gas Supply and Distribution 6)         Convention Center တို့ဖြစ်ပါတယ်။ NYDC Challenge တင်ဒါပထမအဆင့်အနေနဲ့ NYDC […]

Read more
ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မူဆန်းစစ်ခြင်း လုပ်ငန်းစဉ်     မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မူဆန်းစစ်ခြင်း လုပ်ငန်းစဉ် မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲ

NYDC နှင့် ERM အဖွဲ့သားများသည် ရန်ကုန်မြို့သစ်စီမံကိန်း မဟာအစီအစဉ်အတွက် မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်းနှင့်ပတ်သက်၍နယ်ပယ် တိုင်းတာသတ်မှတ်ခြင်း ဆောင်ရွက်မည့်အဆင့်များအားတင်ပြသည့် မြို့နယ်အဆင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် တွံတေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကြည့်မြင်တိုင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ တို့တွင်ပြုလုပ်ခဲ့ပါသည်။ ပွဲအခမ်းအနားသို့ မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
Read more

မှတ်တိုင်သစ်များနဲ့ အစပြုမယ့် ၂၀၁၉

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ အားလုံးလည်း ၂၀၁၉ ခုနှစ်ကို အကောင်းဆုံးစတင်နေပြီလို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ NYDC အနေနဲ့ ၂၀၁၈ ခုနှစ်ကို အလွန်အရေးပါတဲ့ မှတ်တိုင်သစ်တစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan ပထမအဆင့်နဲ့ စပ်လျဉ်းတဲ့ အလုပ်ရုံဆွေးနွေးပွဲ (visioning workshop) ကို ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ အဖွဲ့ဝင်များ၊ NYDC နဲ့ သက်ဆိုင်သူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။ NYDC က စီစဉ်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ AECOM မှ ရန်ကုန်မြို့သစ်ရဲ့  Master Plan ပထမအဆင့် မူကြမ်းကို တင်ပြဆွေးနွေးခဲ့ပါတယ်။ […]

Read more