ရန်ကုန်မြို့သစ်စီမံကိန်း ကိုဘာလို့ အကောင်အထည်ဖော်ရတာလဲ


ဧပြီ ၉၊ ၂၀၁၈။

မင်္ဂလာပါ။

New Yangon Development Company မှာ ဒုဥက္ကဌ နဲ့ CEO တာဝန်ယူထားခွင့်ရတဲ့အတွက် အင်မတန်ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ရန်ကုန်တိုင်းအစိုးရ ၁၀၀% ပိုင်ဆိုင်တဲ့ New Yangon Development Company (NYDC) ကိုတည်ထောင်ပြီး ရန်ကုန်မြစ်တစ်ဘက်ကမ်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မယ့်အကြောင်းတွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်က ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အများပြည်သူကို ကြေငြာခဲ့ပြီးဖြစ်ပါတယ်။

ရန်ကုန်မြို့သစ် တည်ထောင်တာ နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရရဲ့ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ၊ ရှေ့ဆက်ပြီးပြုလုပ်သွားမယ့်အစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူများလည်း ရှင်းလင်းစွာသိရှိအောင် ကျွန်တော် NYDC ရဲ့ CEO အနေနဲ့ဒီနေရာကနေ ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်ရဲ့ တာဝန်၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံကျွန်တော်တို့အစိုးရရဲ့ အရေးအကြီးဆုံးတာဝန်ကတော့ ပြည်သူပြည်သားများ နေထိုင်လုပ်ကိုင်မှုအဆင်ပြေစေရေး နဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေးတို့ဘဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ မျှော်မှန်းချက်တစ်ခုဖြစ်တဲ့ အလုပ်အကိုင်အသစ်များဖော်ထုတ်နိုင်ရေးနဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေးဆိုတဲ့အချက်များကို အကောင်အထည်ဖော်ရာတွင် ရန်ကုန်မြို့သစ်စီမံကိန်းကြီးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မြို့သစ်တစ်ခုကိုတည်ဆောက်တဲ့နေရာမှာ ရရှိလာမယ့်အကျိုးကျေးဇူးတွေ၊အကျိုးဆက်တွေကတော့ များပြားလှပါတယ်။ မြင်သာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကတော့ ဝင်ရောက်လာမယ့် သန်းပေါင်းများစွာသော ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ၊ ပေါ်ထွက်လာမယ့်နည်းပညာအသစ်တွေ၊ တီထွင်ဖန်တီးမှုအသစ်တွေ စတဲ့ကောင်းကျိုးတွေဘဲဖြစ်ပါတယ်။ ဒီလိုအကျိုးရလာဒ်တွေထဲမှာမှ အဓိကအရေးအကြီးဆုံးနဲ့ အကျိုးသက်ရောက်မှုအရှိဆုံးကတော့ မြို့သစ်စီမံကိန်းမှဖန်တီးနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းသစ် (၂)သန်းဘဲဖြစ်ပါတယ်။ ဒီအလုပ်အကိုင်အခွင့်အရေးအသစ်တွေပေါ်လာပြီဆိုရင် ဘယ်လိုအကျိုးထူးတွေရမလဲ ဘယ်လိုရလာဒ်တွေထွက်လာမလဲဆိုတာ အများပြည်သူများ နားလည်ပြီးဖြစ်တယ်လို့ယူဆပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းအသစ် (၂) သန်းကျော်ပေါ်ပေါက်လာဖို့အတွက်က လိုအပ်နေတဲ့အခြေခံအကြောင်းအရာတွေ၊ အခြေခံအထောက်အပံ့တွေ အများကြီးရှိပါတယ်။ ဒီအကြောင်းအရာနဲ့လိုအပ်ချက်တွေကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်ဆိုတာတွေကို နောင်လာမယ့်အပိုင်းတွေမှာ ဆက်လက်ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ NYDC team အနေနဲ့ လူမှုကွန်ရက်ပေါ်မှ အများပြည်သူများရဲ့အမြင်များ၊မေးခွန်းများကိုလည်း ဂရုတစိုက်ဖတ်ရှုနားထောင်နေပြီး အခွင့်အခါရတိုင်း ပြန်လည်ဆွေးနွေးဖြေကြားသွားမှာဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ပေးတဲ့တွက်လည်း အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ @ Serge Pun
၉.၄.၂၀၁၈

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more