ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC


တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

NYDC ကို အသစ်ဝင်ရောက်လာတဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်သစ်တွေကတော့ ဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ဝန်ကြီးဦးဟံထွန်းနေရာမှာ ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက်  အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံဖြိုးရေးမှာ အများကြီးအထောက်အကူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မြန်မာနိုင်ငံမှာ ကုန်ထုတ်စက်ရုံတွေ ရွှေ့ပြောင်းတည်ဆောက်ဖို့ လာရောက်စုံစမ်းတဲ့ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ တော်တော်များများရှိခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့အတွက် စီးပွားရေးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်မတန်အရေးကြီးတဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။

ဒီနေရာမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာက ဒီထုတ်ကုန်စက်ရုံတွေရဲ့ အစောတလျင် ရွှေ့ပြောင်းလုပ်ကိုင်လိုမှုပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဒီကုန်ထုတ်စက်ရုံတွေကိုလည်း နေရာချထားပေးနိုင်ပြီး အခွင့်အရေးကောင်းလက်လွတ်မခံရအောင် စက်မှုဇုန်ပထမအသုတ်ကို နိုင်ငံတကာစံနှုန်းတွေ၊ စည်းမျဉ်းတွေနဲ့အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ်တစ်ခုရေးဆွဲနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ ပြောပြပေးသွားပါမယ်။

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ…Read more