ပညာရှင်များ၏ အကြံပြုချက်များကို ရယူခြင်း


ဇူလိုင် ၂၅၊ ၂၀၁၈။

မြို့သစ်တစ်ခုကို အစကစပြီး တည်ဆောက်တာဟာ စာရွက်လွတ်တစ်ရွက် အပေါ်မှာ ပုံဆွဲတာနဲ့ အတူတူပါဘဲ။  စိတ်လှုပ်ရှားစရာလည်းကောင်း စိုးရိမ်စရာလည်းကောင်းသလို  ကောင်းကွက်တွေ၊ အကျိုးကျေးဇူးတွေလည်း  အများကြီးရှိပါတယ်။ Master Planning ကောင်းခဲ့လို လက်ရှိအချိန်မှာ အဆင့်မြင့်မြို့တော်အနေနဲ့ ရပ်တည်နေနိုင်တဲ့ သာဓကတွေ ကမ္ဘာပေါ်မှာ အမျာကြီးရှိပါတယ်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံဟာဆိုရင် ၁၉၆၀ နှစ်တွေက ဆွဲခဲ့တဲ့ Master Planning အပေါ်အခြေခံပြီး ဒီနေ့အချိန်မှာ စည်းစနစ်ကျကျနဲ့ တည်ဆောက်ထားတဲ့ အဆင့်မြင့်မြို့တော်တစ်ခု အဖြစ် ရပ်တည်နေပါတယ်။ စည်းစနစ်မကျတဲ့ တည်ဆောက်မှုတွေက  ရေရှည်မှာ မကောင်းတဲ့ အကျိုးဆက်တွေကို ခံစားရမှာပါ။

ဒါကြောင့်မို့ ရန်ကုန်မြို့သစ်ရဲ့ Master Planning အဆင့်မှာကတည်းက မှန်ကန်အောင်ရေးဆွဲနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

NYDC စပြီးတည်ထောင်စဉ်ကတည်းက အပတ်စဉ်စာစဉ်တွေနဲ့ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ Town Hall မှာ ကျွန်တော်ပြောခဲ့သလိုပဲ စီမံကိန်းရဲ့ ပထမဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ပုံစံကို အရင်ဆုံးပုံဖော်ပါမယ်။ ပြီးမှ ဒီအပေါ်မူတည်ပြီး Master Plan ရေးဆွဲပါမယ်။ အသေးစိတ်ကျတဲ့ အခြေခံအဆောက်အအုံ Master Plan နဲ့ အင်ဂျင်နီယာ ဒီဇိုင်းတွေ ဆွဲပါမယ်။ ဒါကကျွန်တော်တို့ရဲ့ အစီအစဉ်ပါ။

ကျွန်တော့်အနေနဲ့ အားလုံးကျေနပ်နိုင်မယ့် ပြီးပြည့်စုံတဲ့ Master Plan ထွက်လာဖို့တော့ အာမမခံနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် အလေးအနက်ထားပြီး အားစိုက်ထုတ်သွားမယ်ဆိုတာတော့ အခိုင်အမာ ပြောနိုင်ပါတယ်။

ဒီ Master Plan က မြို့သစ်စီမံကိန်းရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေအတွက် စီမံကိန်း လမ်းညွှန်ချက်အနေနဲ့ သာမက  နောင်မှာပြန်ပြင်ရမယ့် ကုန်ကျစရိတ်များမယ့် အမှားတွေကိုလည်း ရှောင်နိုင်အောင် ကူညီသွားပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ ဗိသုကာပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ မြို့ပြစီမံကိန်းရေးဆွဲတဲ့ ပညာရှင်တွေ အများကြီးရှိပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Planning ရေးဆွဲရေးမှာ ပညာရှင်အားလုံးကို လည်း ပါဝင်အကြံပြုစေချင်ပါတယ်။ ဒါကြောင့်မို့ လာမယ့်အပတ်မှာ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နဲ့ အခြားမြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင်များကို ဖိတ်ကြားပြီး Technical Round Table ဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဒီဆွေးနွေးပွဲက ပညာရှင်တွေရဲ့ အကြံပြုချက်၊ သုံးသပ်ချက်တွေကိုပါ အခြေခံပြီး ရန်ကုန်မြို့သစ်အတွက် ကောင်းမွန်ပြည့်စုံတဲ့ Master Plan တစ်ခု ဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီကနဦပိုင်း  ဆွေးနွေးမှုတွေက အရေးပါပြီး  ပညာရှင်များရဲ့ အကြံပြုချက်တွေ ပါဝင်တဲ့အပြင် လာမယ့်နှစ်တွေမှာ ပေါ်ထွက်လာမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်   မျှော်မှန်းချက်များပါ ပါဝင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ NYDC ရဲ့ အနေနဲ့ ကမ္ဘာ့ထိပ်တန်း စီမံအုပ်ချုပ်မှု အကြံပေး အဖွဲ့အစည်းဖြစ်တဲ့ McKinsey ကုမ္ပဏီကို လူမှု-စီးပွား ပင်မစီမံချက် (Socio Economic Master Plan) ရေးဆွဲဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီစီမံချက် ရေးဆွဲရေးအတွက် ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးတဲ့   UK နိုင်ငံအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဌာန (DFID) ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီ လူမှု-စီးပွား ပင်မစီမံချက် (SEMP) ကို ရေးဆွဲရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော့်ရဲ့လုံခြုံစိတ်ချမှု၊ သတင်းအချက်အလက်နည်းပညာများပြည့်စုံမှု၊ သန့်ရှင်းမှု နှင့် ပြည့်စုံသော နေထိုင်ရန် အဆင်ပြေကောင်းမွန်သည့် ရန်ကုန်မြို့တော်ဆီသို့ဆိုတဲ့ စာစဉ်မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

ဒီ လူမှု-စီးပွားပင်မစီမံချက်(SEMP) ကို စွမ်းဆောင်အားမြင့်ပြီး နေထိုင်ရန် အဆင်ပြေကောင်းမွန်တဲ့ မြို့တစ်ခုတည်ဆောက်ရာမှာ  စီးပွားရေးနဲ့ လူမှုရေးရှုထောင့်က အရေးကြီးတဲ့ အချက်တွေအနေနဲ့  ဖော်ဆောင်သွားမှာပါ။ ဒါ့အပြင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို မဟာဗျုဟာကျကျ လုပ်ကိုင်နိုင်ဖို့  အဓိကကျတဲ့ လက်စွဲစာအုပ်အဖြစ်သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများဖြင့် မြို့ပြလူနေမှုစနစ် မြှင့်တင်ရေးဆိုတဲ့ ပန်းတိုင်နှစ်ခုကို မျှတစွာ အကောင်အထည်ဖော်ရန် သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များ အနေနဲ့ပါ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အခုဆိုရင် SEMP report ရေးဆွဲခြင်းလည်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒီတင်ပြချက်ကို ဖတ်ရှုလေ့လာချင်သူများအနေနဲ့လည်း  ကျွန်တော်တို့ရဲ့ NYDC websiteမှာ သြဂုတ်လ လဆန်းပိုင်းမှာ ဖတ်ရှုနိုင်ပါတယ်။

စနစ်ကျတဲ့ စီမံကိန်းနဲ့ ရေရှည်တိုးတက်ရေး လုပ်ဆောင်ချက်တွေမရှိရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင် ယုတ်လျော့မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေအတိုင်း နည်းစနစ်ကျကျနဲ့ စုပေါင်းပြီး ကြိုးစားအားထုတ်သွားရင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် လွယ်လွယ်ကူကူရောက်ရှိသွားမှာပါ။

ကျွန်တော်တို့ ရွေးချယ်တဲ့လမ်းကြောင်းကသာ အရေးအကြီးဆုံးပါ။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more