ရန်ကုန်မြို့သစ်စီမံကိန်း၏ အဆင့်(၁)ကို ဖော်ဆောင်ခြင်း


ဇူလိုင် ၁၀၊ ၂၀၁၈။

ရန်ကုန်မြို့သစ်နဲ့ပတ်သက်ပြီး ဒီစီမံကိန်းက အလဟဿ မလိုအပ်တဲ့ ငွေဖြုန်းတီးတဲ့ စီမံကိန်းကြီး၊  မြို့သစ်မှာ တောက်ပနေတဲ့ မိုးမျှော်တိုက်တွေနဲ့ တန်ဖိုးမြင့်အိမ်ယာတွေကို လိုချင်တယ်ဆိုတဲ့ ထောက်ပြဝေဖန်မှုတွေနဲ့ ပြောဆိုမှုတွေကို အများပြည်သူတွေဆီကနေ ကျွန်တော်တို့  ကြားသိရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ ဒီအပတ်မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး  ဆွေးနွေးချင်ပါတယ်။

အနာဂတ်ရဲ့ အုတ်မြစ်ကို တည်ဆောက်ခြင်း

မြို့သစ်ကို တည်ထောင်ဖို့ စီမံတဲ့နေရာမှာ ဒီမြို့သစ်က လာမယ့် နှစ်ပေါင်း ၂၅-၃၀နှစ် ကြာရင် ဖြစ်သင့်တဲ့ပုံစံကို ကြိုစဉ်းစားပြီး အစီအစဉ်ဆွဲရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရန်ကုန်မြို့သစ်ဟာ မဟာရန်ကုန် (Greater Yangon) ရဲ့ စီးပွားရေးအရ ဦးဆောင်ထားနိုင်တဲ့ မြို့ပြတစ်ခုဖြစ်လာမှာဖြစ်လို့ နောင်လာမယ့်နှစ်တွေမှာ တိုးတက်ဖြစ်ပေါ်လာမယ့် လိုအပ်ချက်တွေကို  ထည့်သွင်းစဉ်းစားပြီး စီစဉ်သွားဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့သစ်ရဲ့ ၁၀%ခန့် အကျယ်ရှိတဲ့ ဧရိယာဖြစ်တဲ့ အပိုင်း(၁)ကို  အဓိကထားပြီး ဖော်ထုတ်သွားမှာပါ။ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ  ရေရှည်စီမံလုပ်ကိုင်နိုင်အောင် ဖော်ထုတ်ရေးသည် NYDC ရဲ့ အဓိကအရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်။  လျှပ်စစ်မီး၊ သောက်သုံးရေ၊ ရေဆိုးသန့်စင်ရေး၊ လမ်းမများ၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ တံတားများ နှင့် ရေလမ်းကြောင်း   ၊ ဆက်သွယ်ရေးကွန်ယက်များ   နှင့် အများပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ဆေးရုံများ၊ ကျောင်းများ၊ ပန်းခြံများ အစရှိသည်တို့ကို ဦးစားပေးတည်ဆောက်သွားမှာပါ။

အခုပြောပြသွားတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ အကုန်လုံးကို ပုဂ္ဂလိကကဏ္ဍက မတူညီတဲ့ရင်းနှီးမြှုပ်နှံသူတွေက တစ်ပြိုင်တည်း ပူပေါင်း၍ ဆောက်လုပ်သွားမှာ ဖြစ်တဲ့အတွက် အကုန်လုံးကို ထိရောက်စွာ ကွပ်ကဲနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလုပ်ငန်းအားလုံးကို စီမံအုပ်ချုပ်နိုင်ဖို့ လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့တစ်ခုလိုအပ်ပါတယ်။ ကျွန်တော်တို့ လက်ရှိအချိန်မှာလည်း NYDC ကို လုပ်နိုင်စွမ်းရှိတဲ့ အသင်းသားတွေနဲ့ ဖွဲ့စည်းနေပြီး နောက်လာမယ့်လတွေမှာလည်း NYDC အဖွဲ့ကို ဆက်လက်တိုးချဲ့သွားမှာပါ။

ကျွန်တော်တို့၏ ဦးစားပေးလုပ်ဆောင်မှု

ရန်ကုန်မြို့သစ်ရဲ့ အဆင့်(၁) ဖွံ့ဖြိုးတည်ဆောက်ရေးမှာ  အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ  ဖော်ထုတ်နိုင်ရေး ဆိုတဲ့ရည်မှန်းချက်နဲ့အညီ စက်မှုဇုန်ဧရိယာကို ဦးစားပေး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စက်မှုဇုန်ဧရိယာမှာ လိုအပ်မယ့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ တည်ဆောက်ရေးကို အလေးထား ဆောင်ရွက်သွားမှာပါ။ မိုးမျှော်တိုက်တွေနဲ့ တန်ဖိုးမြင့်အိမ်တွေဟာ  နောင်အနာဂတ်မှာ ပေါ်ထွက်လာကောင်း ပေါ်ထွက်လာမှာဖြစ်ပေမယ့် အခုအချိန်မှာတော့ ဒါတွေက အဓိက တည်ဆောက်ရမယ့်အရာတွေ မဟုတ်ပါဘူး။

ရန်ကုန်မြို့သစ်ရဲ့ အဆင့်(၁) တည်ဆောက်မှုမှာ ချက်ချင်းလုပ်ဖို့မလိုအပ်တဲ့  နေရာတွေမှာ ငွေမသုံးရေးကလည်း ကျွန်တော်တို့ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စီမံရေးမှာ ထည့်သွင်းစဉ်းစားထားတဲ့ အရေးကြီးတဲ့ အခြေခံအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိအချိန်မှာ လိုအပ်တဲ့ လေးလမ်းသွားလမ်းမကြီးကို တည်ဆောက်သွားမှာ ဖြစ်ပေမဲ့  နောင်အနာဂတ်မှာ  ခြောက်လမ်းသွားအထိ တိုးချဲ့နိုင်အောင် စီမံရေးဆွဲပြီး ဖော်ဆောင်သွားမှာပါ။ ရှေ့ဆက်သွားရာမှာလည်း ယခုလိုမျိုးကိစ္စတွေမှာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး ထိရောက်တဲ့ ဆုံးဖြတ်ချက်နဲ့ စီမံအုပ်ချုပ်မှုတွေကို လုပ်ဆောင်သွားမှာပါ။

နောက်လာမယ့် အပတ်စဉ်စာစဉ်တွေမှာ ကျွန်တော့်အနေနဲ့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနဲ့ အခြား အခြေခံအဆောက်အအုံတွေအကြောင်းကို ဆက်လက်ဆွေးနွေးသွားပါမယ်။ ဇူလိုင်လ (၂၃)ရက်နေ့က  ပြုလုပ်ခဲ့တဲ့ NYDC Town Hall ပွဲနဲ့ စပ်လျဉ်းပြီး လက်ရှိအချိန်အထိ ပေါ်ထွက်နေတဲ့ အမြင်တွေ၊ ဆွေးနွေးချက်တွေအတွက်လည်း ကျွန်တော်တို့အနေနဲ့ အထူးဘဲကျေးဇူးတင်ရှိပါတယ်။

 

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more