NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲ


ဇွန် ၂၉၊ ၂၀၁၈။

NYDC ကဦးစီးပြီး ဇွန်လ (၂၃) ရက်နေ့ စနေနေ့မှာ NYDC Town Hall ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်သူ (၆၀၀) ကျော်ရှိခဲ့ပြီး online ကတဆင့် Facebook Live ကို လည်း တိုက်ရိုက်ကြည့်ရှုသူ ၁၀၀၀ နီးပါးရှိခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်း ကြည့်ရှုသူ ၂၅၀၀၀ ကျော်ရှိထားတဲ့အတွက် အများပြည်သူများရဲ့ မြို့သစ်စီမံကိန်းအပေါ်မှာရှိတဲ့ စိတ်ဝင်စားမှုအတွက်လည်း  ကျေနပ်အားရပါတယ်။

ကျွန်တော်အနေနဲ့ အချိန်ပေးပြီး လာရောက်ဆွေးနွေးပေးတဲ့ Panelist များဖြစ်တဲ့ ဦးခိုင်ဝင်း၊ ဦးရဲမြတ်သူ၊ ဦးဇေယျသူနဲ့ Moderator အဖြစ် တာဝန်ယူပေးတဲ့ ဦးအောင်ချစ်ခင်တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ Panelistsများနဲ့ အများပြည်သူတို့ရဲ့ ဆွေးနွေးမှုတွေ၊ ထောက်ပြမှုတွေ၊  ဝေဖန်မှုတွေ၊ မေးခွန်းတွေကို လက်ခံကြိုဆိုပါတယ်။ ကျွန်တော်တို့ NYDC အတွက်လည်း  ဒီမေးခွန်းတွေ၊ ဝေဖန်မှုတွေက အရမ်းအရေးကြီးပါတယ်။ ဒါတွေကို သိရှိထားမှလည်း အလျဉ်းသင့်သလို ပြန်လည်ရှင်းလင်းနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ရှေ့ဆက်သွားနိုင်မှာပါ။

ဒီဆွေးနွေးပွဲမှာ ၁) အစိုးရကစီးပွားရေးလုပ်သင့်၊ မလုပ်သင့် ၂) NYDC Challenge နှင့် CCCC ၏ ပါဝင်ပတ်သက်မှု ၃) Equity နှင့် Debt Financing စတဲ့ ခေါင်းစဉ်တွေကို အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျွန်တော်တို့ သတိထားမိတာတစ်ခုကတော့ ဒီရန်ကုန်မြို့သစ်စီမံကိန်းကို သေချာလေ့လာ သုံးသပ်မှုမရှိဘဲလုပ်တဲ့စီမံကိန်းလို့ ထင်နေကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ပြင်ဆင်မှုများစွာကို လုပ်ခဲ့ပါတယ်။ အရေးကြီးတဲ့ assessment တွေ ဖြစ်တဲ့ ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် (Flood Risk Assessment) ကို လက်ရှိလုပ်ကိုင်နေပြီး Master Planning၊ ယာဉ်လမ်းကြောင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ လေ့လာချက် (Traffic and transport study), မဟာဗျူဟာကျ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကဲဖြတ်ချက် (Strategic Environmental Assessment)၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ကုန်ကျစရိတ် ခန့်မှန်းခြင်း (Quantity Surveying Service) စတာတွေအတွက် Expresison of Interest (EOI) ကို မကြာသေးမီက ခေါ်ယူခဲ့ပါတယ် ။  လူမှု-စီးပွား ပင်မစီမံချက် (Socio Economic Master Plan) ရဲ့ အပြီးသတ်တင်ပြချက် ဇူလိုင်လမှာ ထွက်လာပြီဆိုရင်လည်း အများပြည်သူကို ချပြသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် အပြောများတဲ့အချက်တစ်ခုကတော့ ရန်ကုန်မြို့သစ်တည်ထောင်လိုက်ခြင်းက လက်ရှိရန်ကုန်မြို့ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာပါဘဲ။ ရန်ကုန်မြို့သစ်ကို တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်က အလုပ်အကိုင်အခွင့်အလမ်းသစ် (၂)သန်း ဖန်တီးရေးပါ။ ရန်ကုန်မြို့သစ်ကို တည်ဆောက်လိုက်ခြင်းအားဖြင့် ထွက်ပေါ်လာမယ့် အခွင့်အရေးတွေကို အရင်ဆုံးရရှိမှာ လက်ရှိရန်ကုန်မြို့မှာ နေထိုင်နေတဲ့ အများပြည်သူတွေပါ။ မြို့သစ်တည်ဆောက်ဆဲအဆင့်မှာတင်  ပေါ်ထွက်လာမယ့် စီးပွားရေးအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်တွေကို အရင်ဆုံးဖြည့်ဆည့်ပေးနိုင်တာ  လက်ရှိရန်ကုန်မြို့ပါ။

နောက်လာမယ့်အပတ်တွေမှာလည်း Town Hall က  အချက်အလက်အချို့ကို  ဆက်ပြီးဆွေးနွေး သွားပါဦးမယ်။ တစ်ချို့တွေက ဒီ Town Hall ပွဲက အနှစ်သာရမရှိဘဲ activity  တစ်ခုအနေနဲ့ လုပ်ပြတဲ့ပွဲဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဘက်ပေါင်းစုံက အများပြည်သူတွေရဲ့ အမြင်တွေကို သိရှိထားဖို့ လိုသလို အများက ဒီစီမံကိန်းကို ပိုပြီးထဲထဲဝင်ဝင် နားလည်ထားမှလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ပြီး  ပိုပြီးကောင်းမွန်တဲ့ ရလာဒ်တခု ထွက်ပေါ်လာမှာလို့ ယုံကြည်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး NYDC website ဖြစ်တဲ့ www.nydc.com.mm နဲ့ NYDC Facebook စာမျက်နှာ @NYDCMyanmar တို့မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဒီလိုဆွေးနွေးပွဲမျိုးတွေကို နောင်လည်းဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အများပြည်သူနဲ့ ဆွေးနွေးမယ့် ပွဲတွေသာမက မြို့ပြစီမံရေးလို နည်းပညာပိုင်း သီးသန့်ဆွေးနွေးမှုတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ NYDC ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း(၂)သန်း ဖန်တီးနိုင်ဖို့  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရင်း လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းအောင် အတတ်နိုင်ဆုံး စီမံအုပ်ချုပ်သွားမှာပါ။ ကျွန်တော်တို့ NYDC ရဲ့ တိုးတက်ဖြစ်ပေါ်နေမှုတွေကိုလည်း အများပြည်သူများ အချိန်နဲ့တပြေးညီ သိရအောင် ကြိုးစားလုပ်ဆောင်သွားမှာပါ။

လေးစားစွာဖြင့်

သိမ်းဝေ @  Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more