Pre-Project Documents ၏ တိုးတက်မှုအခြေအနေ


နိုဝင်ဘာ ၂၂၊ ၂၀၁၈

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းမှာ NYDC Challenge တင်ဒါခေါ်ဆိုနိုင်ရေးအတွက် လိုအပ်တဲ့ Pre-Project Documents (PPD)ကို အပြီးသတ်နိုင်ဖို့ New Yangon Development Co.,Ltd နဲ့ China Communications Construction Company Ltd (CCCC) တို့  ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သိပ်မကြာခင်အချိန်အတွင်းမှာ PPD မှာပါဝင်တဲ့ အချက်တွေကို အများပြည်သူသိအောင် ကြေငြာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ PPD မှာပါဝင်မယ့် တည်ဆောက်ရေး လုပ်ငန်းတွေကတော့ –

၁) တံတားအမှတ်(၁) – ကြည့်မြင်တိုင်မြို့နယ် ကမ်းနာလမ်း၊ ဗားကရာလမ်းအနီး မှ မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင် တည်ဆောက်မည့် (၆)လမ်းသွားတံတား

၂) တံတားအမှတ်(၂) – လက်ရှိပန်းလှိုင်မြစ်ကူးတံတားနှင့်ယှဉ်လျက် (၂)လမ်းသွားတံတား

၃) (၂၆)ကီလိုမီတာရှိ အဓိကလမ်းမကြီးများ

၄) ပြန်လည်နေရာချထားမည့် မြို့ရွာ(၅)ခု၏ အခြေခံအဆောက်အအုံ

၅) ကနဦးဆောက်လုပ်မည့် (၁၀)စတုရန်းကီလိုမီတာရှိသော စက်မှုဇုန်ဧရိယာ (Industrial Estate) အခြေခံအဆောက်အအုံများ

၆) စီမံကိန်းတစ်ခုလုံးကို ရေပေးဝေနိုင်မည့် ပမာဏရှိသော ရေသန့်စင်စက်ရုံ (Water Treatment Plant)

၇) စီမံကိန်းတစ်ခုလုံး အသုံးပြုနိုင်သည့် ပမာဏရှိသော  ရေဆိုးသန့်စင်စက်ရုံ (Waste Water Treatment Plant)

၈) တိုးမြစ်အနီး၊ မြို့သစ်နှင့် (၃၂)ကီလိုမီတာခန့်ကွာဝေးသောနေရာတွင် တည်ဆောက်မည့်  ရေပေးဝေရေးပင်မအဆောက်အအုံ(Water Intake Facility) နှင့် အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများ

၉) လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကွန်ရက်(Power Distribution & Transmission facilities) တို့ပဲဖြစ်ပါတယ်။

ဒီ Pre-Project Documents မူကြမ်းမှာပါတဲ့ အချက်တွေကို နိုဝင်ဘာလ (၁၄) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့ဆက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Pre-Project Documents မှာ ပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေကို NYDC Challenge တင်ဒါစတင်တဲ့အချိန်မှာ ကြေငြာသွားမှာပါ။

ရန်ကုန်မြို့သစ်ဆောက်လုပ်ရေးလုပ်ငန်းတွေကို အနီးကပ်ကွပ်ကဲနိုင်ဖို့အတွက် NYDC site office ကို တွံတေးမြို့နယ်၊ ပန်းလှိုင်တံတားအဆင်းမှာ  စတင်တည်ဆောက်နေပြီး ၂၀၁၉၊ ဇန်နဝါရီလမှာ ပြီးဆုံးဖို့ ခန့််မှန်းထားပါတယ်။ NYDC ရဲ့ Project Management အဖွဲ့က site office ကနေ စီမံကွပ်ကဲသွားမှာဖြစ်ပြီး စီမံကိန်းနယ်နမိတ်အတွင်းမှာ အကြောင်းတစုံတရာ ပေါ်ပေါက်လာပါကလည်း  ဖြေရှင်းပေးနိုင်မယ့် Social and Compliance အဖွဲ့ကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။

မြို့သစ်အတွက် Master Plan ရေးဆွဲခြင်းကို AECOM မှ ဆက်လက်လုပ်ဆောင်နေပြီး အောက်တိုဘာလ (၂၆) ရက်နေ့မှာ မြန်မာနိုင်ငံဗိသုကာအသင်း (AMA) ဥက္ကဌ ဦးဆန်းဦး ဦးဆောင်တဲ့ ပညာရှင်များနဲ့တွေ့ဆုံပြီး ရန်ကုန်မြို့သစ်၏ ရည်မှန်းချက်ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ် (၂)သန်းဖန်တီးရေး၊ Socio Economic Master Plan၊  Urban Master Plan များနဲ့ စပ်လျဉ်းပြီး ရှင်းလင်းခဲ့ပါတယ်။ ပညာရှင်များမှလည်း စီမံကိန်းတည်ဆောက်ရေးမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေနဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။

ခုကျွန်တော်ပြောခဲ့တာတွေက NYDC ရဲ့ လုပ်ငန်းစဉ်အချို့ဖြစ်ပြီး NYDC အနေနဲ့ PPD အမြန်ဆုံးအပြီးသတ်နိုင်ပြီး NYDC Challenge ကို အမြန်ဆုံးစနိုင်အောင် ကြိုးစားသွားပါမယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more