ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေတဲ့ ရန်ကုန်မြို့သစ်


ဒီဇင်ဘာ ၅၊ ၂၀၁၈

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့လအတွင်းမှာ ကျေနပ်အားရစရာ တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။

ပထမတစ်ခုကတော့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အလုပ်ခရီးစဉ်အနေနဲ့ နိုဝင်ဘာလနောက်ဆုံးအပတ်က လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ Mr. Ning Jizhe မှ ရန်ကုန်မြို့သစ် အကောင်အထည်ဖော်တဲ့နေရာမှာ တရုတ်နိုင်ငံရဲ့ စိတ်ပါဝင်စားမှုကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ မြို့သစ်ရဲ့အခြေခံအဆောက်အအုံတွေ တည်ဆောက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုမှာဖြစ်လို့ ဒီတွေ့ဆုံမှုဟာ အင်မတန်အရေးပါတဲ့ တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။

နောက်ထပ်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့သီတင်းပတ်က Hong Kong Trade Development Council ဦးဆောင်တဲ့ အဖွဲ့ဝင် (၃၇) ယောက်ပါဝင်တဲ့ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ကို လာရောက်ခဲ့ကြပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ စက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေ အများကြီးပါဝင်ပြီး ရန်ကုန်မြို့သစ်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ပါဝင်စားမှုရှိကြသလို ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေကို တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်တဲ့ လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။ ထိုကိုယ်စားလှယ်အဖွဲ့နဲ့ NYDC တို့ နိုဝင်ဘာလ (၂၈) ရက်နေ့က တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့သစ်နဲ့ စပ်လျဉ်းတဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းခွင့်ရရှိခဲ့ပါတယ်။ ဒီတွေ့ဆုံမှုက အောင်မြင်ပြီး အကျိုးရှိတဲ့ တွေ့ဆုံမှုဖြစ်ခဲ့ပြီး ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ စီမံချက်တွေ ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်းဆိုင်ရာ တိုးတက်မှု

စီမံကိန်းဆိုင်ရာ တိုးတက်မှုအနေနဲ့ AECOM ရဲ့ Master Plan ရေးဆွဲမှု ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်ပြီး ဒီအပတ်သောကြာနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ (Visioning Workshop) တစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းမှ ပညာရှင်များနှင့် အကျိုးသက်ဆိုင်သူများကို ဖိတ်ကြားသွားမှာဖြစ်ပြီး အကြံဉာဏ်များ ရယူသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို နေရာအကန့်အသတ်ကြောင့် တက်ရောက်သူအနည်းငယ်ကိုသာ ဖိတ်ကြားနိုင်ပြီး ဇန်နဝါရီလအတွင်း Master Plan ဒုတိယအဆင့် ပြီးဆုံးတဲ့အချိန်မှာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားပါမယ်။

Flood Risk Assessment နဲ့ Traffic & Transport Planning တို့အတွက် ကနဦးအစီရင်ခံစာ ရေးဆွဲမှုတွေ အောက်တိုဘာလကုန်မှာ ပြီးဆုံးခဲ့ပါတယ်။ ဇန်နဝါရီလအစပိုင်းမှာ ဒုတိယအဆင့် Master Plan ဒီဇိုင်းပြီးစီးနိုင်ဖို့ သက်ဆိုင်ရာကဏ္ဍအလိုက်က အကြံပေးတွေအားလုံးက ပူးပေါင်းရေးဆွဲလျက်ရှိပါတယ်။ Strategic Environmental Assessment နဲ့ Environment Impact Assessment အကြံပေးအနေနဲ့ ERM Myanmar ကုမ္ပဏီလီမိတက်ကို နိုဝင်ဘာလ (၂၀) ရက်နေ့က ရွေးချယ်ခဲ့ပါတယ်။

ကျွန်တော်တို့ Pre-Project Documents (PPD)ကိုလည်း အပြီးသတ်ရေးဆွဲပြီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့ PPD မူကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးရှေ့နေချုပ်ရုံးကို တင်ပြသွားမှာပါ။ သက်ဆိုင်ရာအာဏာပိုင်တွေထံက ခွင့်ပြုချက်ရရှိပြီးရင် PPD ကို ကြေငြာသွားမှာဖြစ်ပြီး NYDC Challenge တင်ဒါလည်း စတင်သွားမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more