ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် EOI


NYDC မှ ရန်ကုန်မြို့သစ်အဆင့်(၁)ရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်နိုင်ဖို့အတွက် NYDC Challenge ပထမအဆင့်ဖြစ်တဲ့ ရွေးချယ်ခြင်းအဆင့်ကို ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression Of Interest – EOI)   ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ EOI ခေါ်ယူသွားမယ့် ကဏ္ဍတွေကတော့

1)         Power Supply and Distribution

2)         Public Transport System

3)         Cyber Connectivity Infrastructure

4)         Municipal Waste Disposal

5)         Natural Gas Supply and Distribution

6)         Convention Center

တို့ဖြစ်ပါတယ်။

NYDC Challenge တင်ဒါပထမအဆင့်အနေနဲ့ NYDC မှ တင်ဒါယှဉ်ပြိုင်နိုင်ဖို့ကြေငြာရာမှာ အသုံးပြုမယ့် စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Document-PPD) ပြင်ဆင်ဖို့ လိုအပ်တဲ့ စီမံကိန်းအကြိုလုပ်ငန်းများနဲ့ လေ့လာဆန်းစစ်ချက်လုပ်ငန်းတွေကို ကုန်ကျစရိတ်ခံပြီး ပြုလုပ်နိုင်မယ့် အရည်အသွေးပြည့်မှီပြီး လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတစ်ခုကို ပဏာမ ရွေးချယ်ပါမယ်။ NYDC Challenge မှာ ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ခြင်း၊ တန်ပြန်တင်ဒါပြုခြင်း အစရှိတဲ့ အဆင့်(၄)ဆင့်ပါဝင်ပါတယ်။ NYDC Challenge တင်ဒါနဲ့ ပတ်သက်ပြီး https://nydc.com.mm/the-nydc-challenge/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အထက်မှာ EOI ခေါ်ဆိုထားတဲ့ စီမံကိန်းတွေရဲ့ NYDC Challenge တင်ဒါပထမအဆင့်မှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (EOI) ကို NYDC ရုံးသို့ဖြစ်စေ၊ email ဖြင့်ဖြစ်စေ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက် ထက်နောက်မကျဘဲ    ပေးပို့ရပါမယ်။ ကုမ္ပဏီများအနေနဲ့ လုပ်ကိုင်ခဲ့ဖူးတဲ့ စီမံကိန်းတွေရဲ့ နည်းပညာနဲ့ ဘဏ္ဍာရေးအချက်အလက်တွေ အပါအဝင် ကုမ္ပဏီနောက်ခံအကြောင်းအရာကိုလည်း ပူးတွဲပြီး တင်ပြရန်လိုပါတယ်။ NYDC အနေနဲ့ တင်သွင်းလာတဲ့ အဆိုပြုလွှာတွေကို စိစစ်ရွေးချယ်ပြီး အရည်အချင်းပြည့်မှီတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန်လိပ်စာ

Coporate Development Department

New Yangon Development Co., Ltd. (NYDC)

အမှတ် (၅၆)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Website: nydc.com.mm

ဖုန်း – ၉၅-၁ ၂၃၀၆၃၇၈

Email: [email protected]

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more