Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း


ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ စီမံကိန်းတွေဖြစ်တဲ့ ၁) Power Supply and Distribution ၂) Natural Gas Supply and Distribution ၃) Cyber Connectivity ၄) Public Transport ၅) Waste Management နဲ့ ၆) Convention Center တို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest)ကို  ကြေငြာခဲ့ပါ တယ်။ NYDC က သက်ဆိုင်ရာကဏ္ဍအလိုက် EOI တင်သွင်းမှု (၇၇)ခုကို  ကုမ္ပဏီ/ အဖွဲ့အစည်းပေါင်း (၄၅)ခုထံက လက်ခံရရှိခဲ့ပါတယ်။

တင်သွင်းထားတဲ့ EOI တွေထဲက အကောင်းဆုံး၊အသင့်လျော်ဆုံး အရည်အချင်းပြည့်မီတဲ့ ကုမ္ပဏီကို မျှတပြီးပွင့်လင်းမြင်သာမှုရှိရှိ ရွေးချယ်နိုင်ဖို့ရည်ရွယ်ပြီး NYDC ဟာ စင်ကာပူနိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ Enterprise Singapore နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ Monetary Authority of Singapore တို့ကဒေသတွင်း အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွက် ငွေကြေးမတည်ရာမှာ အထောက်အကူပြုနိုင်ဖို့နဲ့ အခြေခံအဆောက်အဦတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေဖို့ ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ Infrastructure Asia(IA) အဖွဲ့နဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုကဏ္ဍမှာ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ IA နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်ပါလင့်မှာဖတ်ရှုနိုင်ပါ တယ်။ https://www.infrastructureasia.org/en/media-centre/infrastructure-asia-supports-myanmar-infrastructure-needs

NYDC နဲ့ IA အဖွဲ့သားတွေဟာ စီမံကိန်းစိစစ်အကဲဖြတ်ရာမှာ နည်းပညာ၊ အချက်အလက်နဲ့ နည်းလမ်းကောင်းတွေကို ဖလှယ်ခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်ရေးစံနှုန်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်ခြင်းနဲ့EOI တင်သွင်းထားတဲ့ ကုမ္ပဏီတွေကို ပူးပေါင်းတွေ့ဆုံမေးမြန်းဆွေးနွေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

စိစစ်မှုတွေပြုလုပ်တဲ့နေရာမှာ မျက်နှာဆုံညီ တွေ့ဆုံဆွေးနွေးမှုတွေ၊ စီမံကိန်းတစ်ခုလုံးကို ခြုံငုံကြည့်ရှု အကဲဖြတ်မှု(holistic assessment) များပါဝင်တဲ့ နည်းပညာအတွေ့အကြုံ(Technical Experience) ၊ နည်းပညာစွမ်းဆောင်ရည် (Technical Capacity)နဲ့ ဘဏ္ဍာရေးအရခိုင်မာမှု(Financial capacity)တို့ကို အခြေခံပြီး အဆင့်ဆင့်စိစစ်အမှတ်ပေး(gated)စနစ်ကို အသုံးပြုခဲ့ပါတယ်။ အနိမ့်ဆုံးစံသတ်မှတ်ချက်ပြည့်မှီတဲ့ ကုမ္ပဏီတွေကို နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာစိစစ်မှုက ရရှိလာတဲ့ရလာဒ်တွေအပေါ် အဆင့်သတ်မှတ်ခဲ့ပြီး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးဖို့ ရလာဒ်အကောင်းဆုံး ကုမ္ပဏီ(၃)ခုကို ရွေးချယ်ခဲ့ပါတယ်။

ဆွေးနွေးမှုတွေနဲ့ အသေးစိတ်စိစစ်မှုလုပ်ငန်းစဉ်တွေအပြီးမှာတော့ လျှပ်စစ်မီးနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍအတွက် အကောင်းဆုံးနဲ့အသင့်လျော်ဆုံးကုမ္ပဏီ(Preferred Applicant) ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ ကုမ္ပဏီအနေနဲ့  NYDC Challenge တင်ဒါလုပ်ငန်းစဉ်အရ စီမံကိန်းအကြိုအဆိုပြုလွှာ( Pre Project Documents-PPD) ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေနဲ့ လေ့လာမှုတွေပြုလုပ်နိုင်ဖို့ NYDC နဲ့ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အကောင်းဆုံးနဲ့အသင့်လျော်ဆုံးကုမ္ပဏီ (Preferred Applicant) အဖြစ် ရွေးချယ်ခံရတဲ့ ကုမ္ပဏီ/ အဖွဲ့အစည်းတွေကတော့ –

(၁) Power Supply and Distribution ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/GPSC  တို့ပါဝင်တဲ့ PTT Group ကို ရွေးချယ်ခဲ့ပြီးတော့

(၂) Natural Gas Supply and Distribution ကဏ္ဍအတွက် အိန္ဒိယနိုင်ငံအခြေစိုက် Indraprastha Gas Limited and Gail Consortium (IGL Consortium) ကို ရွေးချယ်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ရွေးချယ်ခံရတဲ့ PTT Group နဲ့ IGL Consortium တို့ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

ကျန်ရှိနေတဲ့ ကဏ္ဍတွေထဲက Cyber Connectivity Infrastructure ကဏ္ဍအတွက်လည်း စိစစ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး စိစစ်မှုလုပ်ငန်းစဉ်တွေပြီးသွားတဲ့အချိန်မှာ ကြေငြာပေးသွားပါမယ်။

ရန်ကုန်မြို့သစ်ပထမအဆင့် Stage 2 လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သိရှိလိုတဲ့အချက် ရှိရင်လည်း ကျွန်တော်တို့ NYDC ကို ဆက်သွယ်နိုင်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

 

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more